~We'll be over done if I forget you~
နိုင်းမာန်ကိုအခုအချိန်မှာဘာကအရေးကြီးဆုံးလဲလို့မေးရင်သူ့မိသားစုလို့သူဖြေဖို့နည်းနည်းတော့တွန့်ဆုတ်လောက်မည်။ သူ့ရဲ့စိတ်သူရဲ့နှလုံးသားကစလို့သူရဲ့အရာအားလုံးကိုမြူမိုင်းဆိုတဲ့ကလေးလေးကအပိုင်စီးထားခဲ့သည်။ သူ့စိတ်ထဲမှာကလေးအတွက်စိုးရိမ်ပူပန်မှုတွေကအရာအားလုံးထက်ပိုသည်။ ဘာကိုသူစိတ်အပူဆုံးလဲလို့မေးရင်ကလေးကရင်ခွင်ကိုအဖြေပြန်ပေးလိုက်မှာကိုဖြစ်သည်။ ဒါပေမယ့်ကလေးကသူစိတ်ပူအောင်မလုပ်ဘူးလို့ကတိပေးနေခဲ့သည်။ ကလေးရဲ့ကတိကိုနိုင်းမာန်ယုံကြည်ပေးချင်ပေမယ့်သူ့စိတ်ထဲအလိုမကျနေဘူး။ သူ့စိတ်ကိုအလိုလိုက်လို့ပြုမူလိုက်တိုင်းကလေးကသူ့ကိုငြင်းဆန်နေခဲ့သည်။
"ဘာလို့ကိုယ့်ကိုနားမလည်ရတာလဲ"
"နိုင်းရဲ့အပြုအမူတွေကိုကျွန်တော်နားမလည်နိုင်တော့ဘူးလို့ခံစားရလို့"
"ကိုယ့်ရဲ့အပြုအမူ..? ကိုယ့်ရဲ့ဘယ်အပြုအမူကကလေးကိုနားမလည်စေတာလဲ"
"နိုင်းကျွန်တော့ကိုဘယ်လိုသဘောထားလဲ"
"သေချာပေါက်မိသားစုဝင်တစ်ယောက်လိုပေါ့။ ကလေးကကိုယ့်ညီငယ်လေးတစ်ယောက်လိုပဲ"
"နိုင်း...ကျွန်တော်ကဘယ်လိုမှနိုင်းရဲ့မိသားစုဝင်မဖြစ်နိုင်ဘူး။ ကျွန်တော်ဆန္ဒမရှိဘူး"
"ဘာလို့လဲ"
"ကျွန်တော်ကအမြဲဒီမှာပဲနေဖို့ဆန္ဒမရှိဘူး။ နိုင်းကလည်းကျွန်တော့ဘေးမှာအမြဲရှိပေးနိုင်မှာမဟုတ်ဘူးဆိုတာသေချာတယ်လေ"
"ကိုယ်ကကလေးဘေးမှာအမြဲရှိပေးနိုင်ပါတယ်"
"နိုင်းဘက်ကကျွန်တော့်ကိုမတည်နိုင်တဲ့ကတိမပေးပါနဲ့။ နိုင်းလည်းတစ်နေ့မှာထူထောင်ရမယ့်မိသားစုဆိုတာရှိလာမှာပဲ။ အမြွှအစ်ကိုတို့အတွက်မားမားမတ်မတ်ရပ်တည်ပေးမယ့်အစ်ကိုကြီးတစ်ယောက်အဖြစ်နဲ့သူတို့လိုအပ်တဲ့အချိန်မှန်သမျှရှိပေးမှာပဲ။ ကျွန်တော့်လိုသူစိမ်းကဘယ်လိုလုပ်နိုင်းကိုကျွန်တော့်ဘေးနားမှာအမြဲခေါ်ထားနိုင်မှာလဲ"
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)