24~My heart don't wanna hear me tell the truth~

381 31 0
                                    

~I couldn't even count all the times I've thought about the line I'd never cross~

လွန်ခဲ့တဲ့ဆယ်နှစ်​ကျော်ကနိုင်းမာန်တက္ကသိုလ်ပထမနှစ်စတက်တဲ့အချိန်တုန်းကအကြောင်းကိုဇာတ်ကြောင်းပြန်ပြီးရောက်သွားသည်။ ငယ်ရွယ်နေသေးတဲ့အချိန်ကနိုင်းမာန်ကအခုပုံစံနဲ့​တော့တော်တော်လေးကိုကွာခြားခဲ့သည်။

ကျောင်းစတက်တဲ့နေ့မို့ယောင်တောင်တောင်နဲ့နိုင်းမာန်တစ်ယောက်တည်းအခန်းထဲကိုရောက်လာခဲ့သည်။ အထက်တန်းတုန်းကတူတူတက်ခဲ့တဲ့သူငယ်ချင်းတွေနဲ့တကွဲတ​ပြားစီ​ဖြစ်ခဲ့ပြီးနိုင်းမာန်တစ်ယောက်တည်းဒီတက္ကသိုလ်ကိုရွေးချယ်ဖြစ်ခဲ့သည်။ ဒါပေမယ့်သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင်ကျိန်းသေပေါက်သူငယ်ချင်းတွေအများကြီးရမယ်လို့သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေတဲ့အတိုင်းအတန်းထဲကိုခပ်တည်တည်နဲ့ဝင်သွားခဲ့သည်။ သူလည်းဝင်သွားရောအားလုံးကသူကိုငေးကြည့်လာကြသည်။ အများဝိုင်းကြည့်တာခံရတော့နိုင်းမာန်နည်းနည်းလေးရှက်လာတာကြောင့်သူထိုင်ရမယ့်ခုံကိုခပ်မြန်မြန်ရွေးပြီးနေရာယူလိုက်သည်။

"ဟိတ်"

နောက်ကနေသူ့ကိုတဟိတ်ဟိတ်နဲ့ခေါ်နေတဲ့ကောင်မလေးကြောင့်နိုင်းမာန်နောက်လှည့်ကြည့်လိုက်သည်။

"ပြန်လှည့်ကြည့်သေးတာပဲ"

သူ့ကိုစကားလှမ်းပြောနေတဲ့ကောင်မလေးကသူ့ကိုဘော်ဒါရင်းတစ်ယောက်လိုရင်းရင်းနှီးနှီးပြောဆိုနေတာကြောင့်နိုင်းမာန်ဘယ်လိုတုံ့ပြန်ပေးရမလဲမသိဘူး။

"ငါ့နာမည်ကြည်သာနွယ်..နင်ရော"

"ငါကနိုင်းမာန်"

"နှစ်လုံးထဲလား"

"အင်း"

"နာမည်ကမဆိုးဘူး။ ငါမာန်လို့ခေါ်မယ်။ ရတယ်မလား"

"ရတယ်"

"နင်တစ်ယောက်တည်းလား"

"အင်း။ နင်ရော"

"သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ သူနောက်ကျနေတာ"

နှစ်ယောက်သားဆယ်မိနစ်လောက်စကားပြောဖြစ်ကြရင်းနဲ့ပဲတော်တော်လေးခင်သွားတဲ့အဆင့်တစ်ခုထိဖြစ်သွားသည်။ ဘာမဟုတ်တဲ့အကြောင်းအရာကိုပြောရင်းလည်းသဘောတကျရယ်မောဖြစ်ကြသည်။ ဒါနဲ့ပဲအတန်းထဲဆရာမကဝင်လာတော့သူတို့စကားဝိုင်းရပ်သွားပြီးဆရာမကိုနှုတ်ဆက်ဖြစ်သည်။ အခုထိတော့ကြည်သာနွယ်ပြောတဲ့သူ့သူငယ်ချင်းဆိုတာကိုတော့နိုင်းမာန်မမြင်ရသေးဘူး။ အတန်းချိန်တစ်ချိန်ပြီးခါနီးလေးမှာအတန်းထဲခိုးကြောင်ခိုးဝှက်နဲ့ဝင်လာတဲ့သူတစ်ယောက်ရှိခဲ့သည်။ ဝင်လာတဲ့သူကခိုးကြောင်ခိုးဝှက်နဲ့ဆိုပေမယ့်ဆရာမကမြင်ဖြစ်အောင်မြင်သွားသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now