18~The past that I don't want to remember~

508 34 2
                                    

~I wanna be an important person for someone~

​ဒေါက်တာရှင်းခန့်ပြင်ဦးလွင်မြို့ကြီးကိုနောက်တစ်ခါရောက်လာခဲ့ပြန်သည်။ ဒီတစ်ခါတော့သူ့ရဲ့ပရဟိတကိစ္စအနေနဲ့မဟုတ်ဘဲသူ့ရဲ့ကိုယ်ပိုင်ကိစ္စကြောင့်ရောက်လာခဲ့သည်။ ဒီနေရာကတော့ရှင်းခန့်ဒုတိယအကြိမ်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဟိုတစ်ခါရောက်လာပြီးကတည်းကဆိုသုံးလေးနှစ်နီးပါးလောက်ရှိပြီဖြစ်သည်။

"ဆရာကြွပါ"

"ဟုတ်"

"လာမယ်လို့ဖုန်းရထားကတည်းကမျှော်နေတာ"

"ဟုတ်။ ဒီတစ်ခါကကျွန်တော့်ရဲ့ကိုယ်ပိုင်ကိစ္စလေးကြောင့်ရောက်လာခဲ့တယ်။ နှောင့်ယှက်သလိုဖြစ်သွားရင်အားနာလိုက်တာဗျာ"

သူတစ်ခါရောက်ဖူးခဲ့တာကြောင့်ဒီက​ဂေဟာမှူးနဲ့တာဝန်ရှိသူ​တွေကသူ့ကိုရင်းနှီးနေသည်။

"ကျွန်မဘာကူညီပေးရမလဲ"

"ကျွန်တော်ရောက်ရောက်ချင်းမေးရတာတော့အားနာပါတယ်"

"မဟုတ်တာရပါတယ်"

"ကျွန်တော်သိချင်တဲ့ကိစ္စလေးတစ်ခုရှိတယ်။ ကျွန်တော်အရင်တစ်ခါလာတုန်းကဒီမှာရှိခဲ့တဲ့ကလေးတွေထဲကမြူမိုင်းဆိုတဲ့ကလေးအကြောင်းကိုဆရာမများမှတ်မိမလား"

ရိုရိုသေသေနဲ့ကိုယ့်ထက်လည်းအများကြီးကြီးပြီးကလေးတွေရဲ့အကြီးအကဲလိုဖြစ်နေတာကြောင့်အရာမလို့နာမ်စားကိုသုံးနှုန်း​ပြီးပြောလိုက်သည်။

"နာမည်ကမြူမိုင်းနော်.. ခဏလေးစောင့်ပေးပါ။ ကလေးတွေကများတော့ကျွန်မမှတ်မိဖို့က..ဪ သိပြီ။ ဟိုတစ်ယောက်"

"ဟိုစကားနည်းပြီးအနေအေးတဲ့တစ်ယောက် ဆရာမမှတ်မိလား"

"မှတ်မိပြီ။ ဒါနဲ့ဆရာနဲ့အဲ့က​လေးကဘယ်လိုပတ်သက်လို့သိချင်ရတာလဲ"

"သူကျွန်တော့်ဆီရောက်လာတယ်။ အဲဒီကလေးရဲ့စိတ်ပိုင်းဆိုင်ရာကနည်းနည်းလေးသူများနဲ့မတူဘူးလားလို့"

မြူမိုင်းဆိုတဲ့ကလေးအကြောင်းကိုဖြစ်နိုင်ရင်ခွင့်ပြုချက်မရဘဲဘယ်သူ့ကိုမှမပြောပြချင်ပေမယ့်အခုလိုကိစ္စကိုရှင်းခန့်ပြောမထုတ်လာဘူးဆိုတာဒီထက်ပိုမယ့်အချက်အလက်ကိုသူသိရမှာမဟုတ်ဘူးဆိုတာရိပ်မိတာကြောင့်ပြော​ပြလိုက်သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin