စာရေးသူ​၏ အမှာစာ

41.5K 1.3K 35
                                    

ကျွန်တော် ဒီ Fiction လေးကို စရေးဖြစ်တာ ၂၀၂၀ ဧပြီလကတည်းပါ။

ဒါပေမဲ့ အကြမ်းဖျင်း ဇာတ်လမ်းဆင်ပြီး အကြမ်းရေးကြည့်ပြီးမှ ကိုယ်သွားချင်တဲ့ လမ်းကြောင်း၊ စာဖတ်သူကို ကိုယ်ပေးချင်တဲ့ Mood ကို သေချာရွေးချယ်ပြီး အရေးအသားတွေ ပြန်ပြင်ပြီး ဇွန်လ ၁၈ ရက်နေ့မှသာ ပထမဆုံးအပိုင်းကို တင်နိုင်ခဲ့ပါတယ်။

ဒီ Fiction ဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက် Complete ဖြစ်ထားတဲ့ Fiction လေးဖြစ်ပြီး ကျွန်တော် ရေးနေတဲ့ Thriller Trilogy သုံးပုဒ်ထဲက ဒုတိယမြောက် အပုဒ်ပဲ ဖြစ်ပါတယ်။

When you fall in love with a law student ဟာ Crime Fiction ဖြစ်ခဲ့ပြီး ဒါလေးကတော့ Horror Fiction လေးပေါ့။ Horror ဆိုတဲ့အတိုင်း ကျွန်တော် ဒီ ဇာတ်လမ်းလေးရေးဖို့အတွက် ကိုယ်ပိုင် ကမ္ဘာတစ်ခု တည်ဆောက်ရပါတယ်။

ကျွန်တော်ဟာ ကျွန်တော့် ဖန်တီးနိုင်စွမ်းကို လွတ်လပ်စေဖို့အတွက် မြို့ကို မြန်မာပြည်မှာ မရှိတဲ့ မြို့တစ်ခုအဖြစ် စိတ်တိုင်းကျ ဖန်တီးခဲ့ပါတယ်။ မြို့ရဲ့ ရာသီဥတု ပုံစံ ရှူခင်း စတဲ့ အသေးစိတ်အချက်လက်တွေအတွက် အဓိက မှီငြမ်းထားတာကတော့ ကျွန်တော့် မွေးရပ်မြေ မိုးကုတ်မြို့လေးပဲ ဖြစ်ပါတယ်။ မိုးကုတ်မြို့ဟာ အမြဲလိုလို မိုးအုံ့နေတတ်ပြီး မိုးများတဲ့ ဒေသဖြစ်တဲ့အပြင် ရာသီဥတုကလည်း အေးစိမ့်စိမ့် စိုထိုင်းထိုင်းနဲ့ လူတွေရဲ့ Mood ကို အလွမ်းအဆွေးဓာတ်ခံ ပေါ်ပေါက်လာအောင် နှိုးဆွနိုင်တဲ့ မြို့လေးဖြစ်ပါတယ်။ ပြောမယ်ဆို အားလုံး Twilight ဇာတ်ကား ကြည့်တဲ့အချိန် ဖြး်ပေါ်လာတဲ့ စိတ်ခံစားချက်မျိုးပေါ့။ ကျွန်တော်လည်း စာဖတ်သူတွေကို အဲ့လိုမျိုး စိတ်ခံစားချက် ပေးစွမ်းဖို့ရာအတွက် မိုးကုတ်မြို့ကို ကျောရိုးယူပြီး ကိုယ်ပိုင် ကမ္ဘာတစ်ခုကို တည်ထားခဲ့ပါတယ်။

ကမ္ဘာတည်ပြီးတဲ့နောက်မှာတော့ ကိုယ်ရေးမယ့် ဇာတ်လမ်းအတွက် စည်းမျဉ်းတွေကို သတ်မှတ်ရပါတော့တယ်။ အဲ့အတွက်ကတော့ ကျွန်တော့်အနေနဲ့ Supernatural ၊ Insidious စတဲ့ Horror ဇာတ်ကားကောင်းတွေကို မှီငြမ်းခဲ့ပါတယ်။ မှီငြမ်းတယ် ဆိုတာကလည်း ဇာတ်လမ်းတစ်စိတ်တစ်ပိုင်းကို ကူးယူထားတာမျိုးမဟုတ်ပဲ ဥပမာအားဖြင့် ခန္ဓာကိုယ်မှ ဝိဉာဉ်လွှင့်ခြင်းလို့ခေါ်တဲ့ Astral projection အကြောင်း၊ အငြိုးအတေးကြီးတဲ့ ဝိဉာဉ်တွေအကြောင်း၊ ဝိဉာဉ်တွေဟာ သူတို့ပိုင်ဆိုင်တဲ့ အရာဝတ္ထုပေါ် မှီတွယ်ပြီး တစ်နေရာနဲ့တစ်နေရာ ခရီးသွားနိုင်တဲ့အကြောင်း စတဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာ စည်းမျဉ်းအချက်အလက်တွေကိုပဲ ယူထားခဲ့တာပါ။ ဇာတ်လမ်း ဇာတ်ကွက်အနေနဲ့ကတော့ ကျွန်တော့်အကြိုက်ဆုံး Sitcom ဖြစ်တဲ့ Friends ထဲက တစ်ခုကို Reference အနေနဲ့ ယူသုံးထားတာ ပါရှိပါတယ်။ Reference အနေနဲ့ဆို Supernatural Fan ဖြစ်တာနဲ့အညီ Season 7 Episode 10 - Death's door ကနေပြီး Reference ယူထားတာလည်း ပါပါတယ်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now