Chapter : 9

11.2K 1.2K 36
                                    

"ငါတို့မတွေ့တာ တော်တော်ကြာပြီနော်.. ၁၀ နှစ်လောက်တောင် ကျော်လောက်ရောပေါ့.. "

"အင်း... နိုအယ့်အဖေ ဆုံးပြီးတော့ ငါလည်း ဒုက္ခတွေ များနေတာ.. နိုအယ်ကလည်း နမိုးနီးယားနဲ့ အပြင်းဖျားပြီး ဆေးရုံတက်.. တစ်ဖက်ကလည်း ကုမ္ပဏီကိစ္စနဲ့ဆိုတော့.. အာရုံမရခဲ့ဘူး..

မြစိမ်းနဲ့ အဲလက်စ်လေး ဆုံးသွားတာတောင် ငါတော်တော်ကြာမှ သိခဲ့ရတယ်.. "

ဒေါ်နန်းစည်ရဲ့ပြောစကားကို ဦးရာဇလင်းက စီးကရက်တစ်ချက်မှုတ်ထုတ်လိုက်ရင်း ပြန်ထောက်ပေးပါသည်..

"အင်း... ငါကော စည်သူ့ အသုဘ မလာနိုင်ခဲ့ဘူး.. "

"ဟင်း... အခု ငါတို့ သူငယ်ချင်း လေးယောက်မှာ ငါတို့နှစ်ယောက်ပဲ ကျန်နေခဲ့တော့တယ်..

တက္ကသိုလ်တက်တုန်းက အချိန်တွေ အရမ်းပျော်စရာ ကောင်းခဲ့တာပဲ. "

ဒေါ်နန်းစည်က ဝရံတာ လက်ရန်းကို လက်ထောက်လိုက်ရင်း အတိတ်ကို လွမ်းသလိုလိုနဲ့ပြောလေသည်။ တစ်ခါတစ်ရံ အတိတ်ဆိုသည့်အရာဟာ ထုနှင့်ထည်နှင့် ရှိနေမည်ဆိုပါက မည်သို့ပုံစံမျိုးဖြင့်ရှိနေမလဲဟုပင် ဒေါ်နန်းစည် တွေးမိပါသည်။ လေးထောင့်ပုံစံများရှိနေမလား?? တြိဂံပုံစံများရှိနေမလား?? ဒါမှမဟုတ် အရည်ပုံစံနဲ့များရှိနေမလား?? မီးခိုးငွေ့အနေနဲ့များ ရှိနေမလား??

"အဲ့တုန်းကတော့ ကိစ္စတွေ တော်တော်များများ ရိုးရှင်းခဲ့တာပေါ့... "

ဦးရာဇလင်း နာကျင်စွာနဲ့ရေရွတ်လိုက်သည်။
အတိတ်က ဖြစ်ရပ်ကြီးတစ်ခုလုံးကို သူမတွေးမိအောင်ကြိုးစားထားပါမှ သူငယ်ချင်းဟောင်းနဲ့တွေ့တော့လည်း ပြာဖုံးနေတဲ့ မီးခဲတစ်ခဲ လေပြင်းအဝှေ့တွင် နီနီရဲရဲလောင်ကျွမ်းလျက်ပြန်လည် ပေါ်ထွက်လာသလို သူ​၏ အတွေးတို့က အတိတ်ကို ပြန်လည်တူးဆွမိပြန်သည်။

"ရာဇ ... ငါ နင့်အတွက် တကယ်စိတ်မကောင်းဘူး...

နင့်နေရာမှာ ငါသာဆို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး.. "

သူ ပြုံးလိုက်သည်။

"ငါလည်း ခံနိုင်ရည်ရှိလွန်းလို့တော့မဟုတ်ပါဘူး.. ငါ ဘယ်လောက် စိတ်ဓာတ်ပျော့ညံ့လဲ နင်သိတာပဲ..

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now