နေရောင်ခပ်စူးစူးတချို့ သီအိုရဲ့ မျက်လုံးကို ရိုက်ခတ်လာသည်မို့ သူ မျက်လုံးကို လက်နှစ်ဖက်နှင့် ပွတ်သပ်လိုက်သည်။
သူ မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်တော့ စူးရှသော နေရောင်ဆချ်ု့က အသိမပေးပဲ သူ့မိကြည်လွှာဆီ တိုက်ရိုက် ရောင်ပြန်ဟပ်လာသည်မို့ သူ ချက်ခိင်းမျက်လုံးကို ပြန်မှိတ်လိုက်ပါသည်။ ဖြစ်နိုင်လျှင် အိပ်ရာမထချင်သေး။ မနေ့ညက သောက်ခဲ့သည့် အရက်အရှိန်ဖြင့် ခေါင်းထဲမှာ ငြီးစီးစီး ခံစားနေရသေးသည်။
နောက်တော့ သူ ဟိုဘက်ဒီဘက် အနည်းငယ် လူးလွန့်လိုက်ကာ အညောင်းဆန့်လိုက်ပါသည်။ အညောင်းဆန့်လိုက်မှ လူက နည်းနည်း လန်းသွားသလိုပင်။
သူ အိပ်ရာမှ ထထိုင်လိုက်သည်။ ထို့နောက် မျက်လုံးကို မရမကဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါသည်။ နတ်ပြည်ပဲ ရောက်နေသလိုလို တစ်ခန်းလုံးက နေရောင်ခြည်များကြောင့် လင်းလက်နေသဖြင့် အမှောင်ထဲ နာရီချီအောင် အနားယူခဲ့သော သူ့အမြင်များက ရုတ်တရက် ပတ်ဝန်းကျင်အပြောင်းအလဲအား လက်မခံနိုင်ရကား သူ့မှာ မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်ကာ အချိန်ယူ ကျင့်သားရအောင် လေ့ကျင့်နေလိုက်သည်။
ထို့နောက်မှ သူ မျက်လုံးကို သေချာဖွင့်လိုက်သည်။ မြင်နေကျ သူ့အခန်း မဟုတ်တော့ တစ်ခဏတော့ ကြောင်သွားပါသေးသည်။
ဟုတ်သား။ သူ နိုအယ်ရဲ့ တိုက်ခန်းမှာ အိပ်ပျော်နေခဲ့တာပဲ။
ဘေးကို ကြည့်လိုက်တော့ မနေ့က သူနဲ့ နိုအယ်ထက် နှစ်ဆလောက်သောက်ခဲ့သော သောက က နှစ်ခြိုက်စွာပင် အိပ်လျက်ရှိသေးသည်။ သီအို အိပ်ရာမှ လူးလွန့်ကာ ထ၍ နိုအယ့်ကို လိုက်ရှာလိုက်မိလေသည်။
နိုအယ်မှာ အိပ်ခန်းထဲတွင်လည်းမရှိသလို သန့်စင်ခန်းထဲလည်းမရှိ။ သို့နှင့် သူ ဝရံတာဆီသို့ ထွက်လိုက်သည်။
မနက်ခင်း လေအေးအေးလေးက သူ့မျက်နှာကို ပြေးဖြတ်ပြေးကျီစယ်သွားပါမှ သူ့အသိစိတ်အားလုံးကို စုစည်းမိကာ အမှန်တကယ်ပင် အိပ်ရာမှ နိုးထလာလေတော့သည်။ သူ အသက်ကို ခပ်ဝဝ ရှူသွင်းလိုက်သည်။ ထို့နောက် ထို ဝရံတာမှ ရပ်ကာ တွေ့ရသော ရှုခင်းကို လှမ်းကြည့်နေမိပါသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...