"ဒုန်း.. ဒုန်း.. "
ည ၂ နာရီကြီး ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသော သူ၏ အခန်းခေါင်းရင်းမှ နံရံထုသံကြောင့် ဓူဝံနိုးလာပါသည်။
ဓူဝံ ထို ဆူညံသံကို လျစ်လျူရှုပြီး မျက်လုံးကို ပြန်ပိတ်လိုက်သည်။ သူ မိက်လုံးပိတ်လျှင် ပိတ်ချင်း သူ့အခန်းတစ်ခန်းလုံး အပုပ်နံ့တွေ လှိုင်ကာ ထလာလေသည်။
ဓူဝံ အရှုံးမပေးချင်သောကြောင့် အသက်ရှုအောင့်ကာ တတ်နိုင်သမျှ အသက်မရှူပဲ နေပြီး မျက်လုံးကို မှိတ်ထားမြဲ မှိတ်ထားလိုက်မိသည်။
"အား...... "
ဓူဝံ၏ နားစည်ကို သွားထက်တဲ့ ဓားတစ်ချောင်း ထိုးစိုက်ဝင်လာသလို ခံစားလိုက်ရသဖြင့် သူနားနှစ်ဖက်ကို တင်းကျပ်စွာ ဖိထားမိလိုက်လေသည်။ သို့သည့်တိုင် ထိုအော်သံမှာ ပျောက်ကွယ်မသွား။
ထို အော်သံသည် အပြင်ရုပ်လောကမှ လာသည်ထက် ဓူဝံရဲ့ ရင်တွင်းအနက်ရှိုင်းဆုံးတစ်နေရာမှ ထွက်ပေါ်လာသလိုလို ခံစားနေရသည်။ သူ မည်သို့ ကြိုးစားကြိုးစား ထိုအော်သံမှာ ပျောက်ကွယ်မသွားခဲ့ပါ။
ထိုအခိုက် သူ့ရဲ့ နှလုံးသားတစ်ခုလုံး တစ်စုံတစ်ယောက်၏ လက်အစုံနှင့် အားကုန်သုံး၍အညှစ်ခံလိုက်ရသလို အောင့်သက်သက် ခံစားလိုက်ရသောကြောင့် သူဆက်ပြီး အသက်အောင့်မထားနိုင်တော့ပဲ အားရပါးရ ရှူသွင်းလိုက်မိလေသည်။
အဲ့နေသော ပုပ်နံ့က သူ့နှာခေါင်းထဲသို့ အလုအယက် တိုးဝှေ့ဝင်ရောက်လာကြသည်။ ထို အနံ့အသက်ကြောင့် ဓူဝံမှာ ချက်ချင်း ခေါင်းပင် ကိုက်သွားရပြန်သည်။
သူ အိပ်ရာမှ ထရန် ကြိုးစားသော်လည်း သူ တစ်ကိုယ်လုံး လှုပ်ရှား၍မရတော့။ သူ့ တစ်ကိုယ်လုံး တစ်စုံတစ်ယောက်က ကြိုးနှင့် တင်းကျပ်စွာ တုပ်နှောင်ထားသကဲ့သို့ မမြင်ရသော အားအင်တစ်စုံက သူ့ကို လှုပ်ရှားလို့မရအောင် ပြုစားထားသလို ခံစားလိုက်ရသည်။
သူ့ နဖူးမှ ချွေးစေးတွေ ထွက်လာသည်။ ဓူဝံမှာ သူ့ကိုယ်သူ သားသတ်စင်ပေါ်ရောက်နေသည့် အသတ်ခံရတော့မည့် ဝက်တစ်ကောင်လို ခံစားလိုက်ရပါသည်။ ယခုအချိန် သူလုပ်နိုင်တာဟူ၍ သားသတ်သမားအလာကို စောင့်ရန်ပင် ကျန်တော့သည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...