Chapter : 4

13.3K 1.3K 15
                                    

မနေ့က သူ့အခန်းဘေးကလူ....

နိုအယ် သူတို့ အတန်း ရှေ့ဆုံးတွင် ထိုင်နေသော ကတုံးဆံတောက်ကေ၊ မျက်နှာတည်တည်နှင့် ထိုင်နေသော ထိုလူကို မြင်လိုက်ရတော့ အံ့သြမိသွားသည်။

အသက်ကတော့ သူ့ထက်ကြီးပုံပါ။

"မြတ်နိုး.... အဲ့တစ်ယောက်က ကျောင်းသားပဲလား ??"

နိုအယ် ဘေးတွင်ထိုင်နေသော မြတ်နိုးကို လှည့်၍ မေးလိုက်သည်။ မြတ်နိုးက လိုင်းသုံးနေရာမှ သူကြည့်နေသောနေရာကို တစ်ချက်လှမ်းကြည့်ပြီး...

"အင်း.. ကျောင်းသား အသစ်တဲ့.. နင် ကျောင်းမလာတဲ့အချိန်က ရောက်လာတာ.. "

"စာသင်နှစ် တစ်ဝက်ကြီး ကျောင်းသားသစ် ?? နောက်လဆိုရင်တောင် နှစ်ဝက်စာမေးပွဲရောက်တော့မယ်.. "

"အနောက်ပိုင်း တက္ကသိုလ်က ပြောင်းလာတယ်ကြားတာပဲ ...

ငါကြားတဲ့ သတင်းအရဆို အဲ့ကောင်လေးက ရူးကြောင်ကြောင်ဖြစ်နေတာဆိုပဲ.. တစ်ရက်လုံးနေလည်း ဘယ်သူနဲ့မှ စကားမပြောဘူး.. ဆရာ စာမေးရင်လည်း ထပြီး ဘာမှ မဖြေဘူး..

သူ့မိဘတွေက ငယ်ငယ်က တစ်မိသားစုလုံးသတ်သေဖို့လုပ်ကြတာ.. သူတစ်ယောက်ပဲ အသက်ရှင်နေခဲ့တာလို့ကြားတယ်..
အဲ့ကစပြီး သူ ဘယ်သူ့ကိုမှ စကားမပြောတော့ပဲ ရူးကြောင်ကြောင်ဖြစ်သွားတာလို့ ပြောကြတယ်.. "

"နင်က ဘယ်က ကြားတာလဲ ??"

နိုအယ့်အမေးကို မြတ်နိုးက ဖုန်းထောင်ကာ ပြလေသည်။

"အတင်းပြော Group ရှိတယ်လေ.. ဒီ Group ထဲ ငါတို့ကျောင်းက ကောင်မလေးတွေ အတန်းစုံပါသလို.. အနောက်ပိုင်းတက္ကသိုလ်က ကောင်မလေးတွေလည်းပါတယ်..

ဒီလောက် မိုက်တဲ့ ကျောင်းသားတစ်ယောက် ကျောင်းပြောင်းလာတာ.. ချက်ချင်း Group ထဲ သူ့ပုံတွေ ရောက်သွားတာပေါ့.. အဲ့ကနေ သူနဲ့ တစ်တန်းထဲ တက်ခဲ့တဲ့သူတွေ.. သူ့အိမ်နီးနားချင်းတွေ .. တစ်ရပ်ကွက်ထဲသားချင်းတွေက အကုန်ထိုင်ပြောနေတာပဲ..

ပြီးတော့ သူက သရဲတွေနဲ့ တူတူနေတာလို့ပြောတယ်..
ငါဆို ညသန်းခေါင်ဖတ်မိလို့ အိပ်တောင်မပျော်ဘူး.. သူ့သတင်းတွေက တကယ်ဆိုရင် လန့်စရာကြီး.. "

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now