Chapter : 18

8.1K 960 51
                                    

"အဲ့နေ့က ကျွန်မ ဒီအတိုင်း အိပ်ရာက ထပြီး ထမင်းဟင်းချက်နေတာ။ အမေက သူ ယာထဲ သွားရင် ယူသွားဖို့ ကျွန်မထမင်းထုတ်ပေးနေတာကို စောင့်နေတုန်းမှာပဲ အမေ့ဆီကို မခင်ငြိမ်းက ဖုန်းဆက်လာတယ်။

အရင်နှစ် ဇွန်လလယ်လောက်ဖြစ်မယ်ထင်တယ်။ မိုးထဲ စဝင်နေပြီ။ အဲ့အချိန် ပျိုးကြဲပြီး ကောက်စိုက်ကြတဲ့အချိန်။ အမေ့ကို မခင်ငြိမ်းက ပြောတယ်။ သူ တစ်ယောက်တည်း ကလေးကတစ်ဖက် အလုပ်က တစ်ဖက်နဲ့ အိမ်အလုပ်နဲ့လည်း တစ်ဖက်ကောမို့ မနိုင်တော့လို့ ကျွန်မကို သူ့ဆီလာနေပြီး ကူပေးစေချင်တယ်တဲ့လေ။ စရိတ်ငြိမ်းကိုမှ တစ်လ ၅ သောင်းပေးမယ်တဲ့။

အမေကတော့ သွားစေချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အိမ်မှာနေလည်း ထမင်းဟင်းချက်တာကလွဲပြီး ဘာမှ လုပ်စရာမရှိဘူးကိုး"

အိမ့်ကြည်ဖြူက စကားကို ခဏရပ်လိုက်သေးသည်။

"ကျွန်မလည်း မြို့ထဲမှာနေရမှာဆိုတော့ သွားမယ်ဆိုပြီး သဘောတူခဲ့တယ်"

နိုအယ် အိမ့်ကြည်ဖြူရဲ့ စကားကိုကြားပြီးတော့ သူသိချင်နေတဲ့ အဓိက အချက်ကို အချိန်မဆွဲပဲ မေးလိုက်ပါသည်။

"အဲ့ကိုရောက်ပြီး ၁ လအတွင်းမှာပဲ အစ်မ အရိုက်ခံရလို့ ရုံးရောက်ပြီး ကိုလှိုင်ဘွားနဲ့ ရှင်းခဲ့ရသေးတယ်ဆို"

အိမ့်ကြည်ဖြူက သူ့ထက် ၂ နှစ်ကြီးတာမို့ နိုအယ် အစ်မလို့သာ ခေါ်လိုက်ပါသည်။

အိမ့်ကြည်ဖြူက နိုအယ့် မေးခွန်းကို ခေါင်းတစ်ချက်ညိတ်ပြပြီးသာ ပြန်ဖြေလေသည်။ စကားကိုတော့ သူမ ဖြတ်ထားခဲ့သည့်နေရာကသာ ကောက်၍ ဆက်ပြောသည်။

"ကျွန်မ အဲ့ကိုစရောက်တုန်းက တကယ်အဆင်ပြေခဲ့ပါတယ်။ ကျွန်မအနေနဲ့ အဝတ်လျှော်လိုက် ထမင်းလေးချက်ပေးလိုက်နဲ့ပဲ သိပ်ပြီး မပင်ပန်းဘူး။ မခင်ငြိမ်းကလည်း သိပ်ပြီး သဘောကောင်းတယ်။ ကိုလှိုင်ဘွားကလည်း အရက်မူးလာရင်သာ သူ့မိန်းမနဲ့ တကျက်ကျက်ဖြစ်နေတာဆိုပေမဲ့ ကျွန်မကိုတော့ လက်ဖျားနဲ့တောင် မတို့ပါဘူး"

အိမ့်ကြည်ဖြူက နိုအယ့်မေးခွန်းကို မဖြေပဲ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းသာ ဆက်ပြီး ပြောပြနေပါသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now