Chapter : 41

6.8K 738 14
                                    

နိုအယ်တစ်ယောက် သူ့ကိုသူ ဘယ်ရောက်နေမှန်း စဉ်းစား၍မရပါ။ သူ့ဘေးပတ်ပတ်လည်အလုံးစုံက မှောင်နေကာ ကြောက်ဖွယ်ကောင်းအောင် ဆိတ်ငြိမ်နေသည်။ သူ သူ့ခြေထောက်အောက်က မြေပြင်ကို ငုံ့ကြည့်မိလိုက်တော့ သူ့မျက်နှာနဲ့ တော်တော်နီးနေသည်ကို တွေ့ရသည်။ သူ သူ့လက်တွေကိုကြည့်လိုက်တော့လည်း ခပ်သေးသေးလေး ဖြစ်လို့နေလေသည်။

"မင်း ငှက်လေးတွေရဲ့ ဗိုက်ထဲမှာ ဘာတွေရှိလဲဆိုတာ မသိချင်ဘူးလား"

ရုတ်တရက် သူ့ရှေ့မှ အသံတစ်စုံက ပဲ့တင်သံတစ်ခုနောက်မှလိုက်၍ ဟိန်းထွက်လာသဖြင့် နိုအယ် ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်ပါသည်။ ထိုအခါ သူ့ရှေ့မှာ လူတစ်ယောက်ရပ်နေတာကို မြင်ရသည်။ ထိုသူက နိုအယ့်အရပ်ရဲ့နှစ်ဆလောက်မြင့်ကာ ဂျင်းဘောင်းဘီ ခပ်ပွပွတစ်ထည်ကို ဝတ်ဆင်ထားသည်။ အင်္ကျီကတော့ အဖြူရောင် ခပ်ပွပွဝတ်ထားကာ ထိုသူရဲ့မျက်နှာမှာမူ အမှောင်ထဲ ကျရောက်နေသဖြင့် မျက်နှာကိုတော့ သူမမြင်ရ။ အသံကတော့ ခပ်သြသြနဲ့ သြဇာရှိမယ့်အသံမျိုးဖြစ်ပါသည်။ ထိုသူက ရှေ့မှ ဦးဆောင်ကာ ပိန်းနေအောင် မှောင်မည်းနေသော အမှောင်ထုထဲသို့ နိုအယ့်ကို ခေါ်ဆောင်သွားလေသည်။ သို့သော် နိုအယ် သူ့နောက် လိုက်မလာမှန်းသိတော့ လှမ်းနေသောရပ်သွားသည်။ ထို့နောက် သူ့ဆီသို့လှည့်ကာ "သွားမယ်လေ.. " ဟုဆိုပြီး လှမ်းခေါ်လေသည်။

ထိုသူ ဆိုလိုက်သော စကားအခွန်းတိုင်းသည် နိုအယ့်ကို အိပ်မွေ့ချပြီး အမိန့်ပေးနေသာ စကားသံများကဲ့သို့ အရမ်း သြဇာညောင်းလှသည်။ လွန်ဆန်ဖို့ မဖြစ်နိုင်သော အမိန့်တော်များကဲ့သို့ပင်။ နိုအယ် သူ့ကိုယ်သူ မသိလိုက်မှာပင် သူ့ရဲ့ ခြေလှမ်းများက ထိုသူ့ရဲ့ ခြေရာတွေအတိုင်း တစ်ထပ်တည်း လှမ်းနေမိလေသည်။

သူ လိုက်လာသည်ဆိုမှ ထိုသူက ရှေ့ကနေ ဆက်၍ဦးဆောင်ကာ ရှေ့သို့ခေါ်သွားသည်။ ထိုစဉ် သူ့ရှေ့မှလူ၏ ခြေသံများသည် နိုအယ့်ဆီကနေ တဖြည်းဖြည်း ဝေးကွာသွားသလို ဖျော့တော့လာသောကြောင့် နိုအယ် သူ့ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ သူ ဘာမှတော့ မမြင်ရ။ အမှောင်ထုက ဘေးပတ်ပတ်လည်ကို ကြီးစိုးထားသည်ကိုး။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now