သီအို ခြံထဲဝင်ပြီး ကားနှင့် ၃ မိနစ်လောက်ဆက်မောင်းလိုက်သည်နှင့် သူကြီးပြင်းခဲ့သော စံအိမ်ကြီးကို တွေ့လိုက်ရပါသည်။
အိမ်ကြီးက ဘာမှတော့ ထူးထူးခြားခြား မပြောင်းလဲပါ။ အိမ်ကြီးက ကြီးသလောက် အိမ် နံရံတွေက ရေညှိတက်တဲ့နေရာတက်ပြီး အရောင်မှာ ခပ်မှိုင်းမှိုင်းဖြစ်နေသည်။ တချို့နေရာဆို အင်္ဂတေတွေက အက်ကွဲရာလေးနည်းနည်းပါးပါရှိနေပြီး အိမ်ကြီးမှာ နှစ်တွေဆယ်ချီကြာသည်အထိ ပြန်လည်ပြင်ဆင်ထားခြင်းမရှိကြောင်းသိသာလှသည်။
ဤ အိမ်ကြီးသည် သူတို့ မိသားစု အစဉ်အဆက်ပိုင်ဆိုင်ခဲ့သည်မှာ အခုဆိုလျှင် နှစ်တစ်ရာပင်ကျော်ခဲ့ပေပြီ။ ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သောကြောင့် ဗိသုကာလက်ရာမှာ အင်္ဂလိပ်တို့ ထုံးစံအတိုင်း ထည်ဝါလှသလို မြန်မာမှု မြန်မာ့ဟန်မပျောက်အောင်လည်း တချို့ အိမ်အစိတ်အပိုင်းတွေကို မြန်မာ့ဗိသုကာဖြစ်တဲ့ ကနုတ်ပန်းနှင့် ပြဿာဒ်တို့ကိုပါ ထည့်ဆောက်ထားသည်။
အိမ်ကြီးက အခုဆို အဖွားတစ်ယောက်တည်းနေသည်ဆိုပေမယ့် အိမ်က အရမ်းကို ကြီးမားပါသည်။
ထိုသို့ ကြီးမားပြီး အိုဟောင်းနေတဲ့ လင်းမိသားစုစံအိမ်သည် တောင်စုမြို့ သာရရွာမှ ၁၅ မိနစ်ခန့်ဆက်မောင်းရသော တောကြီးတစ်ခုရဲ့ အစပ်တွင်တည်ရှိသည်။
အိမ်ကို ပြန်ပြီးအရောင်ပေါ်အောင်ဆေးသုတ်ဖို့ မီးတွေထပ် တပ်ဆင်ပြီး ပြန် ပြင်ဖို့ကို အဖွားက ခွင့်မပြုခဲ့။အဖွားအနေနဲ့ ဒီမိသားစု စံအိမ်ကို အပြင်လောက ဘယ်လောက်တိုးတက်ပါစေ ဟိုးယခင် ဆောက်လုပ်ခဲ့သည့်အတိုင်းသာ ထိန်းသိမ်းထားချင်ခဲ့သည်။ ထို့ကြောင့် အိုဟောင်းနေသော စံအိမ်ကြီးသည် တောအုပ်ကြီးအလယ်တွင် အလင်းမှိန်မှိန်နှင့် ကျောချမ်းဖွယ်တည်ရှိနေခဲ့သည်။
သီအိုကားပေါ်က ဆင်းလိုက်သည်နှင့် သူ ပထမဆုံးခံစားမိလိုက်သည်မှာ အအေးဓာတ်ပင်ဖြစ်သည်။
တောင်စုမြို့က ယခင်ကတည်းက တောင်ပေါ်မြို့ဖြစ်သောကြောင့် အေးသည်ဟု ဆိုရမည်ဖြစ်သော်လည်း သူတို့ စံအိမ်မှာ အေးတဲ့အအေးဓာတ်က မြို့ထဲထက် နှစ်ဆလောက် ပိုပြင်းသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...