12.3.2001
"တပည့်တော်မတို့ ဆေးရုံဆင်းလာတာ အရင်လ ၁၄ ရက်နေ့က ဘုရား။
အဲ့မတိုင်ခင် တစ်ရက် နှစ်ရက်အလိုကနေစပြီး နိုအယ်တစ်ယောက် ထူးဆန်းတဲ့ စကားတွေ ပြောတတ်လာတယ်။
သူ နေမကောင်းဖြစ်လို့ ပြန်ထူထူထောင်ထောင်ဖြစ်လာတဲ့အချိန်မှာတုန်းက ရုတ်တရက် နှလုံးခုန်ရုပ်သွားမလို ဖြစ်ခဲ့သေးတယ်ဘုရား။ အဲ့အကြောင်းကို နိုအယ်က ဖြုဖတ်ဖြူလျော်မျက်နှာနဲ့ ကလေးတစ်ယောက် သူ့ကို အရမ်းမှောင်တဲ့ နေရာတစ်ခုကို ခေါ်သွားခဲ့လို့ဆိုပြီး ပြောပြဖူးတယ်။
ကျွန်မ ထင်လိုက်မိတာကတော့ ကလေးဆိုတော့ နေကမကောင်းနဲ့ ထင်ယောင်ထင်မှား ဖြစ်တယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မ တဖြည်းဖြည်း သတိထားမိလာတာက နိုအယ် အဲ့နောက်ပိုင်း တစ်ယောက်တည်း စကားတွေ ပြောတတ်လာတာပဲ။
သူ ပေါင်းနေကျ သူငယ်ချင်းတွေ အိမ်လာလည်ရင်တောင် စကားထွက်မပြောတော့ပဲ အခန်းထဲမှာပဲ အောင်းနေတာ။ ပြီးရင် တစ်ယောက်တည်း စကား တီတီတာတာ ပြောနေတတ်တယ်။
သူ ပြောတဲ့ စကားထဲမှာ ကိုကို ဆိုတဲ့ စကားတော့ အမြဲ ပါလာတတ်တယ်။ တစ်ချို့ညတွေမှာ ကျွန်မ သူ့ကို သားနဲ့ အမြဲ စကားပြောနေတဲ့ ကိုကို ဆိုတာ ဘယ်သူလဲလို့ မေးမိတော့ အဲ့အခါ သူ ပြောနေကျ စကားက ဒါဟာ သူနဲ့ အစ်ကိုကြားက လျှို့ဝှက်ချက်တဲ့"
ဒေါ်နန်းစည် မျက်ရည်တွေကို သုတ်လိုက်ပြီး စကားဆက်ပြောဖို့ ခဏလောက် အားယူလိုက်လေသည်။
ရှေ့မှာတော့ ပက်လက်လေး လှဲနေသည့် နိုအယ်။နိုအယ် မျောနေခဲ့တာ အခုဆို ၁၀ ရက်လောက် ရှိနေလေပြီ။ ဆရာဝန်တွေကို ပင့်ခေါ်ကာ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးခဲ့ကြသော်လည်း ဘယ်သူမှ ဤ အဖြစ်ပျက်ကို မရှင်းပြနိုင်ခဲ့ကြ။ နေလည်း ပြန်ကောင်းနေပြီ ဖြစ်ကာ နိုအယ်လည်း ခုနောက်ပိုင်းဆို ပိုပြီး လန်းလန်းဆန်းဆန်းနဲ့ အရင်လို ပြန်ဖြစ်လာပါရက် ရုတ်တရက်ကြီး တစ်မနက်ကျတော့ နှိုးလို့မရတော့ပေ။
ဒေါ်နန်းစည် စိတ်တွေပူကာ ဆေးရုံသို့ ချက်ချင်းပို့ခဲ့သည်။ သို့သော် ဘာမှတော့ သိပ်ပြီး ထိရောက်မှုမရှိခဲ့တာမို့ နောက်တော့ ကလေးကို အိမ်သို့ပင် ပြန်ခေါ်ယူကာ သူနာပြုငှါးပြီး အိမ်မှာပဲ စောင့်ရှောက်ခဲ့ရသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...