"မဖွင့်လိုက်နဲ့"
နိုအယ့်နောက်မှ ထိုမိန်းမ၏ အမိန့်ပေးသံခပ်မာမာကို ကြားလိုက်ရပေမဲ့ နိုအယ် နားမထောင်ပဲ တံခါးလက်ကိုင်ဖုကို ညာဘက်သို့လှည့်လိုက်လေသည်။
အကယ်၍ သူ တံခါးကို မဖွင့်ပဲ လက်ရုတ်လိုက်ပါက ထိုမိန်းမ၏ အသံကို ကြားကြောင်း သက်သေပြရာ ရောက်သွားလိမ့်မည်။ သူ့အတွက် နောက်ပြန်လှည့်စရာ လမ်းမရှိတော့။ သူ ခပ်တည်တည်နဲ့ ရောချလို့ရနိုင်သမျှ မကြားသလို ဟန်ဆောင်ရပေဦးမည်။
သို့သော် တံခါးက ပွင့်မသွားပါ။ သူ နှစ်ခါလောက် အားနှင့် လက်ကိုင်ဖုကိုလှည့်ကြည့်လိုက်သေးသည်။
ကြည့်ရတာ တံခါးသော့ခတ်ထားသည်ထင်သည်။ နိုအယ် တံခါးကို ဖွင့်မရတော့မှ ခပ်တည်တည်နှင့် သူ့ဘေးနားတွင် ရပ်နေသော ဂါဝန်အဖြူနဲ့ မိန်းမကို လျစ်လျူရှု၍ နောက်ပြန်လှည့်လိုက်သည်။"ငါ့ကို ကူညီပါ"
နိုအယ် မကြားချင်ယောင်ဆောင်ကာ ကော်ရစ်ဒါတစ်လျှောက် တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆက်လျှောက်နေလိုက်သည်။ ထိုမိန်းမက အရှုံးမပေးပဲ သူ့ဘေးနား တကောက်ကောက်လိုက်လာပြန်သည်။
"သီအို့် သူငယ်ချင်းမလား"
သီအိုရဲ့ နာမည်ကြားလိုက်တော့ နိုအယ် ရှေ့သို့သာ တစ်စိုက်မတ်မတ် လှမ်းနေသော ခြေအစုံကို ချက်ချင်း ရပ်လိုက်မိပါသည်။
သီအိုကို သိနေတယ်ဆိုတော့။
သူပြန်စဉ်းစား ကြည့်မှ ဟုတ်သား။ အရင်တစ်ခေါက် သူ လှေကားထိပ်မှာတွေ့ခဲ့တဲ့မိန်းမ။ နိုအယ် သူ့နောက်တွင် အရိပ်တစ်ခုလို လိုက်ပါလာနေခဲ့သော ထိုမိန်းမကို လှည့်ကြည့်လိုက်သည်။ ထိုမိန်းမက နိုအယ်ရပ်လိုက်သည့်နေရာနှင့် လက်တစ်ကမ်းအကွာတွင် ရပ်နေခဲ့လေသည်။
"ခင်ဗျား.. ခင်ဗျားကို ခုနက ဓာတ်ပုံထဲမှာ မြင်ဖူးတယ်"
နိုအယ် အခု ထိုမိန်းမ မျက်နှာကို သေချာကြည့်လိုက်မှ သူ မှတ်မိလာသည်။ လှေကားဘေးမှာ ချိတ်ထားသော ဓာတ်ပုံထဲက ကလေးတစ်ယောက်ကို ပွေ့ထားသည့် အမျိုးသမီး။ ထိုဓာတ်ပုံထဲကထက် အများကြီး ပိန်ကာ မျက်နှာကလည်း ဖြူဖတ်နေပေမယ့် နဖူးပေါ်က မှဲ့လေးက နိုအယ့်ကို သူမအား မှတ်မိစေလေသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...