Chapter : 40

6.8K 721 15
                                    

ဒီအိမ်လား။

ဓူဝံ နှစ်ထပ်ပျဉ်ထောင်အိမ်အိုကြီးတစ်ခုရဲ့ ရှေ့တွင်ရပ်ကာ သူ ရှာနေသော အိမ်ဟုတ်မဟုတ်သေချာအောင် ကြည့်နေမိသည်။ ဟုတ်တော့ဟုတ်မည်ထင်တာပဲ။ သူ ငယ်ငယ်လေးတုန်းကသာ ရောက်ဖူးသောကြောင့် သိပ်တော့ မမှတ်မိတော့။ ဒါကြောင့် ရပ်ကွက်ထဲတွင် ဖြတ်လျှောက်လာရင်း တွေ့သော သူများကို ဦးဖိုးစိန်အိမ်ဟု မေးမြန်းကာ သူတို့ ညွှန်ရာပြရာလမ်းအတိုင်း လိုက်လာခဲ့ရခြင်းဖြစ်လေသည်။

ဒီရက်ပိုင်း ဓူဝံရဲ့ ဘဝမှာကော အတွေးထဲမှာကော ပြောင်းလဲမှုတချို့ရှိခဲ့သည်။ ကြီးကြီးမားမားလို့ပြောရမလား မသိပေမဲ့ တကယ်ပဲ ၁၈၀ ဒီဂရီလှည့်ပြောင်းခဲ့သော အချိုးအကွေ့တွေဖြစ်ပါသည်။ သူ နိုအယ်နဲ့ အိမ်ဟောင်းကို ပြန်ပြီးကတည်းက သူ ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ ပိတ်မိကာ အရင်အချိန် အဆင်ပြေချင်ယောင်ဆောင်စဉ်ကထက် အခြေအနေဆိုးခဲ့တာ အမှန်ပင်။ အားလုံး လွှတ်ချဖို့ ကြိုးစားရသည်မှာ ဤမျှလောက်မလွယ်။ အထူးသဖြင့် ကိုယ့်မိသားစု တစ်စုလုံး အသတ်ခံခဲ့ရတာကို ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီးနေဖို့က ဓူဝံ လုပ်နိုင်သော အရာတစ်ခုမဟုတ်ပါပေ။

နိုအယ် ပြောခဲ့ဖူးပါသည်။

သူတို့ မိသားစုရဲ့ ကံကြမ္မာဆိုးကို ဖန်တီးခဲ့တာ သူမှမဟုတ်ခဲ့ဘူး။သူ့မိသားစုကို သတ်ခဲ့တဲ့တရားခံပဲ။
ဒါကြောင့် သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေသင့်ဘူးတဲ့။ ဒါပေမဲ့ သူ့ကိုယ်သူမှ အပြစ်မတင်ရင် ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ သူချစ်ရတဲ့ သူတွေရဲ့ အသက် ၄ ချောင်းကို နှုတ်ယူသွားခဲ့တာ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်ဆန် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ရမှာလား။

အကယ်၍ ဓူဝံ သူ့ကိုယ်သူ အပြစ်မတင်ချင်ဘူးဆိုရင် သူ့မှာ အပြစ်တင်စရာ သူ့မိသားစုကို သတ်သွားသော ထိုလူသာရှိသည်။ ထိုလူကို ရအောင်ရှာပြီး သူ့မိသားစုကို လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် အလျော်အစား တစ်ခုခု ရပြီးမှသာ ဓူဝံ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ ရပ်နိုင်လိမ့်မည်ထင်သည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now