Chapter : 16

9.2K 1K 60
                                    

" 9.9.2002

ဒီနေ့က သီအိုလေး ကမ္ဘာကြီးထဲ ရောက်လာတာ ၁ နှစ်ပြည့်တဲ့နေ့။

သီအိုလေးကို ကျွန်မ ဒီကမ္ဘာကြီးထဲ ဘယ်လို ပို့ဆောင်ခဲ့လဲဆိုတာ စဉ်းစားမိရင် မနေ့ကလိုပါပဲ။

အရင်နှစ် ဒီလိုအချိန်မှာ ကျွန်မ ကိုယ်ဝန်က ၈ လပြည့်ပြီးလို့ ၉ လထဲ ရောက်နေပါပြီ။ မွေးမယ့်ရက်ကလည်း တဖြည်းဖြည်းနီးလာခဲ့ပြီ။

ကျွန်မ ကိုယ်ဝန်ရင့်လာတဲ့အမျှ အကိုက ကြိုးစားပြီးတော့ အိမ်ပြန်လာပေးတယ်။ ဗိုက်ထဲက သားလေးကို ဘေးကနေ ဂရုတစိုက်ရှိခဲ့ပြီး ကြင်နာပေးခဲ့တယ်။ ကျွန်မ သိပ်ပျော်တာပဲ။ ပုံမှန်ဆို အစ်ကိုက အိမ်ပြန်မအိပ်တတ်ဘူး။ သူက အရမ်းအလုပ်များတဲ့သူဆိုတော့ အိမ်ပြန်ရတဲ့အခေါက်ရေက နည်းတယ်လေ။

အဲ့အချိန်တွေဆို ကျေနပ်ပီတိစိတ်တွေက တောင်ကျရေတွေလို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျွန်မရင်ထဲကနေ စီးကျလာရတာပဲ။ အစကတည်းက အကို ကျွန်မကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့ပြီး မိန်းမတစ်ယောက်အနေနဲ့ မချစ်ခဲ့ဘူးဆိုတာ ကျွန်မသိတာပေါ့။
ဒီလက်ထပ်ပွဲကိုလည်း အကို့ရဲ့အမေက အတင်းအကျပ်လုပ်လို့သာ အကိုလက်ခံခဲ့တာ။

ကျွန်မကတော့ အကို့ကို ငယ်ငယ်လေးကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရသူပီပီ အကိုနဲ့ တစ်အိုးတစ်အိမ် တစ်ဘဝတည်း တူတူနေရမယ့်အခွင့်အရေးကို လက်လွှတ်မခံပဲ အရယူ လက်ခံခဲ့ပြီး လက်ထပ်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်မ အကိုရဲ့ ရင်သွေးလေး လွယ်ထားရပြီဆိုတာ သိခဲ့တဲ့အချိန်မှာ ကျွန်မခံစားလိုက်ရတာက တစ်လောကလုံးက မိန်းကလေးတိုင်းရဲ့ အိမ်မက်တွေအားလုံး ကျွန်မပိုင်ဆိုင်လိုက်ရသလိုပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကျွန်မရင်ထဲ စိုးထိတ်မိခဲ့တဲ့ အကြောက်တရားတစ်ခုက ရှိနေပြန်တယ်။ ကျွန်မ ကြောက်ခဲ့တာတစ်ခုက အစ်ကို ကျွန်မကို ပစ်ပယ်သလိုမျိုး သားလေးအပေါ်မှာလည်း သူမချစ်တဲ့ မိန်းမတစ်ယောက်ရဲ့သားဆိုပြီး ပစ်ပယ်မှာကိုပါ။

ကျွန်မ စိုးရိမ်ခဲ့တာမှ တစ်ခါတစ်ခါဆို ညတောင်အိပ်မပျာ်ခဲ့ပါဘူး။ ဒါပေမယ့် အစ်ကိုက သားလေးကို ဂရုတစိုက်ရှိခဲ့တာတွေတော့ ကျွန်မ ရင်ထဲက ပူပန်မှုတွေ ပြေပျောက်ခဲ့ရပါတယ်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now