Chapter : 43

6.7K 689 10
                                    

နိုအယ် သီအို့ကိုကြည့်မိလိုက်တော့ သီအို မျက်နှာမပျက်အောင် ကြိုးစားဖုံးဖိထားသော်လည်း ဝမ်းနည်းမှု အရိပ်အယောင်က စွန်းထင်းနေသေးသည်ကို တွေ့ရပါသည်။ နိုအယ်လည်း ဘာပြောရမှန်းမသိ၍ သီအို့ဘေးနားမှာပဲ ထိုင်ရင်း သူ့ရဲ့လက်ကိုပဲ ဆုပ်ကိုင်ထားမိသည်။ သီအိုကတော့ ပုံမှန်ဆို စကားတွေ တတွတ်တွတ်ပြောနေတတ်ပေမဲ့ အခုတော့ ငြိမ်နေသည်မှာ ကျောက်ရုပ်အလား။

သူတို့ပတ်ဝန်းကျင်တစ်ခုလုံးက လေယာဉ်အင်ဂျင်သံဖြင့်သာ ဖုံးလွှမ်းနေ၍ စကားသံ စိုးစဉ်တစိမျှ မထွက်ပဲ တိတ်ဆိတ်နေလေသည်။ နိုအယ်ရဲ့လက်ကို သီအိုက ခပ်တင်းတင်းဆုပ်ကိုင်ရင်း နိုအယ်ရဲ့ ပုခုံးပေါ်သို့အသာအယာမှီလာခဲ့သည်။

"ခင်ဗျား အဆင်ပြေရဲ့လား"

နိုအယ် ဘာပြောရမှန်းမသိစွာ သူ၏ ပါးစပ်ဖျားတွင် ရစ်သီနေသော စကားကိုသာ တိုးညင်းဖျော့တော့စွာ ပြောလိုက်ပါသည်။ သီအိုက ဘာစကားမှ ပြန်မပြောပဲ ခေါင်းညိတ်လိုက်သည်ကို သူ့ရဲ့ပါးပေါ် ဘယ်ညာပွတ်သပ်သွားသော သီအို့ဆံပင်ကတစ်ဆင့် နိုအယ် ခံစားလိုက်ရသည်။

သီအို့ရဲ့ အသက်ရှူသံတွေက လေယာဉ်အင်ဂျင်သံကြားမှ မကြာခဏဆိုသလို ကျယ်လောင်စွာ ထွက်ပေါ်နေပါသည်။ မည်သို့ပင် အိမ်ကနေ ထွက်လာပြီး တစ်ယောက်တည်းခွဲနေတာ ၄ နှစ်လောက်ရှိနေပြီဆိုသော်လည်း လောကတွင် မည်သူမဆို မိမိရဲ့မိသားစုဝင်တွေကိုတော့ သံယောဇဉ်ဆိုတာ ရှိမှာပါပဲလေ။

"နိုအယ်"

"အင်း"

"မင်းမှာ အဖွားရှိသေးလား"

နိုအယ် ချက်ချင်းဆိုသလို အင်း ဟုသာ ပြန်ဖြေလိုက်သည်။

"ငါ့ကို မင်းအဖွားအကြောင်း ပြောပြပါလား"

သီအို့ရဲ့ စကားအဆုံး နိုအယ်က စဥ်းစားနေဟန် အင်း ဟူသော အာမေဋိတ်ကို ရှည်လျားစွာ ညည်းလိုက်ရင်း။

"အဖေဘက်က အဖွားကတော့ ဆုံးသွားတာကြာပြီ။အမေဘက်က အဖွားကတော့ ခုထိ ရှိသေးတယ်။

အဖွားက ကျွန်တော်နဲ့ အမေ့ကိုတော့ တော်တော်ချစ်ပါတယ်။ ပြဿနာတစ်ခုခုဆို သူ့ရွာကနေ ဒီထိ အမြဲပြေးလာပြီး ကျွန်တော်တို့ကို ကြည့်တတ်တယ်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now