"ရောက်ပြီလား"
"အင်း.. အင်း.. ကျွန်တော်ဆင်းလာပြီ.. "
နိုအယ် ဘေးလွယ်အိတ်ကို ဘေးသို့လွှဲလိုက်ပြီး ထိုင်ကာ ဖိနပ်ကြိုး မြန်မြန်ချည်နေမိသည်။ ဟန်လင်းနဲ့ မြတ်နိုးတို့ မလာခင် မြန်မြန်လစ်ထွက်မှ။ မဟုတ်လျှင် သူ မနေ့ညက ပြောထားသော စကားများနှင့် သူ့ကို ပြန်ချုပ်ကာ ထိုင်ရစ်နေကြဦးမည်။
သူ တံခါးဖွင့်ဖွင့်ချင်း တံခါးရှေ့တွင် တံခါးခေါက်တော့မည့်အတိုင်း လက်ကို မြှောက်ထားသော မင်းခေတ်ဓူဝံကို တန်းတွေ့ရလေသည်။
"အေး.. မင်းခေတ်ဓူဝံ.. အထဲမှာ ဝင်နေလိုက်။
ခဏနေ ဟန်လင်းနဲ့ မြတ်နိုးတို့ လာလိမ့်မယ်။ ဒါနဲ့ ငါ့ကို မေးရင် အရေးတကြီးကိစ္စရှိလို့ အပြင်ခဏ ထွက်သွားတယ်လို့ပဲ ပြောထားပေးနော်။
ကျေးဇူး"
နိုအယ် သူ့ကို ကြောင်ကြည့်နေသော မင်းခေတ်ဓူဝံရဲ့ ပုခုံးကို ပုတ်လိုက်ပြီး တိုက်ခန်းထဲမှ ခပ်သွက်သွက် ထွက်လာလိုက်ပါသည်။
ဒီနေ့က သူတို့ စာစုလုပ်ရမည့်နေ့ပင်။ သို့သော်ငြား နိုအယ့်မှာ ကိုလွမ်းနှင့် ချိန်းထားသောကြောင့် ဟိုနှစ်ယောက် အိမ်ကို ရောက်မလာခင် နိုအယ် အလျင်အမြန် လစ်ထွက်ဖို့ ကြိုးစားနေခြင်းပင်။ မနေ့ညက ဟန်လင်းနှင့် မြတ်နိုးတို့ နှစ်ယောက်သား သူတိူ့ လုပ်ရမယ့်အပိုင်းတွေ မပြီးသေးပဲ ထိုင်ပြီး အတန်း Group Chat တွင် လေပေါနေကြသည်ကို သူအမိအရနှပ်ထားသည်မို့ အခု စာလုပ်ရမည့်အချိန် အပြင်သွားဖို့ ပြင်နေသော သူ့ကို တွေ့ပါက လွယ်မှာမဟုတ်။
နိုအယ် သူ့အတွေးနဲ့သူ ခြေလှမ်းကို ဆထက်မြန်အောင် အရှိန်တင်လိုက်သည်။
"ဟဲ့.. "
ပြောမှ လှေကားထိပ်တွင် ကွက်တိပင် တိုးတော့သည်။သူ့ကို နှစ်ကောင်လုံးက ခြေဆုံးခေါင်းဆုံး ကြည့်ကာ လူယုတ်မာ မျက်နှာပေးများဖြင့် သူ ဆင်းလို့မရအောင် လှေကားထပ်ကို ပိတ်ရပ်ထားရင်း။
"ကို နိုအယ်ရှင်းသန့်.. ဒါက ဘယ်လဲ"
"ငါ..ငါ ချိန်းထားတာလေးရှိလို့ သွားဦးမယ်နော်။
ဟိုမှာ မင်းခေတ်ဓူဝံရောက်နေပြီ။ နင်တို့သောက်ဖို့အတွက် အအေးလည်းဖျော်ပြီး စားပွဲပေါ်တင်ထားခဲ့တယ်။ ခဏနေ ပြန်လာခဲ့မယ်"
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...