Chapter : 35

7.1K 755 38
                                    

(၂၀၀၇ ခုနှစ် နွေရာသီ..)

၁ ပတ်လောက် ဆက်တိုက် မိုးအရွာအပြီး မိုးကောင်းကင်ကြီးက အငြိုးပြေသွားသကဲ့သို့ သည်းသည်းထန်ထန်မိုးထစ်ချုန်းရွာခဲ့တာ သူမဟုတ်သည့်အလား သာယာနေလေသည်။

"🎵🎶Oh.. yeah.. I'll tell you something..
I think you'll understand..
When I say that someting..
I wanna hold your hand... 🎵🎶"

The beatles ရဲ့ I wanna hold your hand က လွန်ခဲ့တဲ့ ၄၄ နှစ်က စပြီးထွက်ရှိတာဖြစ်ပေမဲ့ အခုထိ လူကြိုက်များသော သီချင်းတစ်ပုဒ်ပင်။ John နဲ့ Paul တို့ရဲ့ကောင်းဆုံး လက်ရာထဲက တစ်ပုဒ်။

အဲလက်စ် ဒီသီချင်းကို သိပ်ကြိုက်သည်။ သူအားတိုင်း ဒီသီချင်းတစ်ပုဒ်ကိုပဲ တီးကာ စာသားတွေကို စိတ်မပါလက်မပါညည်းရင်း အချိန်ဖြုန်းတတ်သည်။

ဒီလိုအခါမျိုးမှာဆိုရင်တော့ အမြဲတမ်း ဒေါသတွေ မုန်းတီးစိတ်တွေနဲ့ ကြီးစိုးနေလေ့ရှိသော သူ့ရဲ့ နှလုံးသားရပ်ဝန်းက တော်တော်ကို သာယာနေလေ့ရှိပါသည်။ ဒီနေ့ရာသီဥတုလိုပေါ့။

သူ့ရဲ့ ဆိတ်ငြိမ်အေးချမ်းခြင်းက ဒီ သစ်သားအိမ်သေးသေးလေးကို ကိုယ်စားပြုသည်။ ထိုအရှေ့က အိမ်ကြီးနှင့်မတူ။ ဒီအိမ်လေးထဲမှာ ရှိလျှင် သူ သူ့စိတ်ကိုသူ ထိန်းချုပ်နိုင်သည်။ သူ သဘောကျသော ဂီတကို စိတ်လိုလက်ရပင် ခံစားနိုင်သည်။ ပြီးတော့ သူ့ကို နှောင့်ယှက်မယ့်သူလည်း တစ်ယောက်မှ မရှိ။ ဒီလိုအချိန်တွေဆို သူ့စိတ်တွေက တွေးမိတွေးရာ လျှောက်တွေးနေတတ်ပါသည်။

သူ့ အသက် ၁၃ နှစ်မှာပဲ သူ့အမေက သူ့ကို ထားသွားခဲ့သည်။ သူတွေ့ဖူးတာ တစ်ရက်ပင်မပြည့်သေးသော အဖေဆိုသည့် နာမ ခံယူထားသူနှင့် သူသိလည်းမသိ။ သဘောလည်းမကျသော လူတချို့ကြား သူ့ကို နှုတ်ဆက်စကားပင်မဆိုပဲ ထားသွားခဲ့ပါသည်။ သူ ထိုစဉ်က အမေ့ရဲ့ ခြေထောက်ကို ဆွဲပြီးပဲ ဖြစ်ဖြစ် ကလေးတစ်ယောက်လို ထိုင်ငိုပြီးပဲ ဖြစ်ဖြစ် သူ့အားထားမသွားရန် ဆွဲထားသင့်ခဲ့သည်ဟု တစ်ခါတစ်လေ တွေးမိဖူးသည်။

သို့သော် ဘာကြောင့်မှန်းမသိ၊ သူ ဒီအတိုင်းရပ်ကြည့်နေခဲ့မိသည်။ ထိုတဒင်္ဂလေးထဲမှာ သူ့ခံစားချက်က ဗလာအတိ။ သူ ထိုနေ့က သူ့ကို ကျောခိုင်းသွားသော အမေ့ရဲ့ ကျောပြင်ကို အခုထက်ထိ သူမမမေ့ပါ။ ဒါပေမဲ့တချိန်တည်းမှာပဲ သူ မတမ်းတ။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now