Chapter : 24

8.1K 889 26
                                    

ဆိုင်ထဲကို တစ်လှမ်းချင်းဝင်လာသော နိုအယ်ရဲ့ ခြေလှမ်းတွေက ယုံကြည်မှုအပြည့်ရှိဟန်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မခိုးတရို့ တွဲခိုနေသော အပြုံးလေးက နိုအယ်ရဲ့ ရှက်သွေးဖြာနေမှုကိုလည်း ပုံဖော်ပြထားသည်မှာ အထင်းသားရှိနေသည်။

နေ့လည် ၁၂ နာရီက နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်လို့ လူတွေထင်နေကြပေမဲ့  တကယ်တော့ မွန်းလွဲပိုင်းကပို၍ပင်ပူသည်။ ၁၂ နာရီဆိုတာ တကယ်တော့ အပူချိန်တွေ စတက်လာချိန်ပဲ ဖြစ်ပါသေးသည်။

သီအို နိုအယ်တို့ သူငယ်ချင်း၃ ယောက် အခန်းထဲ ဝင်လာသည်ကို ထိုင်ကာ ကြည့်နေမိပါသည်။ ၃ ယောက်လုံး ချောတဲ့အထဲ ပါပေမဲ့ သူ့မျက်လုံးထဲတွင် နိုအယ်တစ်ယောက်ကိုသာ ကွက်မြင်သည်။

နိုအယ့်မှာ သူများနှင့်မတူ တစ်မူထူးတဲ့ ကိုယ်ယောင်ကိုယ်ဝါ ရှိနေလို့များလား။ သီအို နိုအယ့်မျက်နှာလေးကိုသာ ကွက်မြင်သော သူ့မျက်လုံး​၏ အခြေအနေကိုလည်း တစ်ချိန်တည်း စိုးရိမ်စပြုလာသည်။ နိုအယ့်ကိုမြင်သည်နှင့် တရစပ်ခုန်လာတတ်သော သူ့နှလုံးအတွက်လည်း စိတ်ပူလာတာကတော့ အမှန်ပင်။

"ဖြည်းဖြည်းကြည့်ပါ။ မင်းမျက်လုံးတွေ ပြုတ်ထွက်သွားဦးမယ်"

သူ့ဘေးနားထိုင်နေသော သောကက သူ့ရဲ့ နား နားကပ်ကာ ပြောင်လေသည်။

"တော်စမ်း"

သီအို ပြောပြောဆိုဆိုနှင့် သောကကို လက်ဖြင့်ရိုက်လိုက်သည်။ ထို့နောက် တစ်ခါတည်း နိုအယ်ရှေ့ ပေါက်တက်ကရတွေ ထမပြောဖို့ ကြိုပြောထားရလေသည်။ နိုအယ် သူ့ကို အချိန်မတန်ခင်အထိ တစ်မျိုးမြင်သွားလို့မဖြစ်သေး။

နိုအယ်တို့ သုံးယောက်လုံးက စကားတပြောပြော တရွေ့ရွေ့ဖြင့် သူတို့ရှိရာ စားသောက်ခန်းဆီသို့ ဦးတည်လာခဲ့ကြသည်။ Mr.Lauley က တခြား စားသောက်ဆိုင်တွေလို Hall ထဲ စားပွဲထိုင်ခုံတွေ ချထားတာမဟုတ်ပဲ Villa လို ပုံစံမျိုးကိုမှ ဘေးပတ်ပတ်လည် မှန်တွေနှင့်ကာပေးထားတာ ဖြစ်လေသည်။

"ဆန်းဘေးတို့က ရောက်နေနှင့်ပြီလား"

အခန်းထဲက စစဝင်လိုက်သည်နှင့် မေမြတ်နိုးက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပါသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now