Chapter : 32

7.2K 797 29
                                    

"အဖေ"

ဝရံတာထွက်၍ ဆေးလိပ်ဖွာနေသော ဦးရာဇလင်း နောက်မှ သူ့အားခေါ်သံကိုကြား၍ လှည့်လာခဲ့သည်။ သီအိုက သူ့အဖေဖြစ်သူရဲ့ ဘေးမှာ ရပ်လိုက်ရင်း အဖေ့ကို မကြည့်ပဲ စကားဆက်ပြောလိုက်ပါသည်။

"အဖေ ပို့ပေးတဲ့ အမေ့ပစ္စည်းတွေ ရတယ်"

"အင်း..."

"အဟွတ်.. ဟွတ်"

သီအိုက ချောင်းဆိုးလိုက်တော့ အဖေက သူ့ဘက်လှည့်ကြည့်ကာ..

"ဆောရီး.. မင်း ဆေးလိပ်နံ့မွှန်နေပြီ"

ပြောပြောဆိုဆို အဖေက သူ့ဆေးလိပ်ကို မီးငြိမ်းလိုက်ပါသည်။

"ရတယ်.. အဖေ.. ကျွန်တော်က အခုတလော ချောင်းဆိုးနေလို့။ အဖေ့ ဆေးလိပ်နံ့ကြောင့်မဟုတ်ဘူး"

"အင်း... မင်း ဘာပြောမလို့လဲ။ ပြောလေ"

"ကျွန်တော် အခု အမေ့ရဲ့ ဒိုင်ယာရီစာအုပ်ကို ပြန်ဖတ်နေတယ်"

သူ့စကားအဆုံး အဖေက မျက်နှာ အနည်းငယ် တည်သွားသည်ကို သီအို သတိထားမိလိုက်သည်။

"အမေ့ ဒိုင်ယာရီထဲမှာ အဲလက်စ်က ကျွန်တော့်အစ်ကို အရင်းမဟုတ်ဘူးတဲ့။

ဒါပေမဲ့ အဲ့ကိစ္စက ကြီးကြီးမားမားလည်းမဟုတ်ပါဘူး။ ဘာလို့ တစ်အိမ်လုံးက လူတွေက အဲလက်စ်နဲ့ ပတ်သက်ရင် သူ့အကြောင်းမပြောချင်သလို ရေငုံနှုတ်ပိတ်နေကြတာလဲ"

"အင်း.. ငါလည်း မပြောတတ်ဘူး။ မင်းအဖွားက မပြောခိုင်းလို့နေမှာပေါ့"

"အဖေ .. ကျွန်တော့်ကို အမေ့အကြောင်း အဲလက်စ်အမေရဲ့ အကြောင်း အဲလက်စ်ရဲ့ အကြောင်း ပြောပြချင်လား"

သီအို သူ သိလိုသော ကိစ္စများကိုပဲ တရစပ်မေးလိုက်ပါသည်။  သူသိသည်။ အဖေက လွဲ၍ သူ့ကို ဒီအကြောင်းတွေ ဘယ်သူမှ ပြောပြမှာမဟုတ်။ အမေ့ဒိုင်ယာရီထဲမှာလည်း အမေ့ရဲ့ အမြင်ကနေသာ ရေးထားတာဖြစ်၍ သူ့အနေနဲ့ အမေ့ဒိုင်ယာရီဖတ်ပြီး အဖေ့ကို မုန်းတာမျိုး မလုပ်ချင်ပါ။

"အင်း...အမေနဲ့ ငါက မိဘပေးစားလို့ ယူခဲ့ကြတာ"

"အဲ့တာကို ကျွန်တော် သိပါတယ်"

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now