ဖေဖော်ဝါရီလ ဒုတိယအပတ်ရောက်သည်မို့ ဆောင်းတွင်း အအေးဓာတ်ကတော့ အနည်းငယ်ပေါ့လာတာမှန်သော်ငြား တောင်စုမြို့က အရင်ကတည်းက အေးစိမ့်တဲ့မြို့ဖြစ်သောကြောင့် တပေါင်းလကျော်တဲ့အထိတော့ အအေးဓာတ်က မပြယ်တတ်။ လျှော့သွားသည်သာရှိသည်။ အနည်းဆုံး သင်္ကြန်အပြီး ၅ လပိုင်းလောက်မှ အအေးဓာတ်အလျှော့ပါးဆုံးအချိန်ရောက်တတ်သည်။
သို့သော် ထို နွေရာသီမှာ တစ်လပင်မကြာ ဂျွန်လရောက်၍ မိုးရာသီဝင်သည်နှင့် မိုးအမြဲလိုလိုရွာကာ အေးစိမ့်လာတတ်ပြန်သည်။ ထိုလတွေဆို နေရောင် မြင်ဖို့်ပင်မလွယ်ပါ။
နိုအယ် ထမနဲထိုးရန် ပစ္စည်းများကို ဌာနသို့ရွှေ့ပြီး အိမ်ပြန်လာတော့ ညနေခပ်စောင်းစောင်းပင်ရှိနေလေပြီ။ မမှောင်ခင် အိမ်ပြန်ရောက်ရန်လိုသောကြောင့် နိုအယ် ခပ်သွက်သွက် လျှောက်လာခဲ့သည်။
ဓာတ်လှေကားက ပျက်နေသဖြင့် သူ ရိုးရိုးလှေကားကိုပဲ ရွေးကာ ခြေလှမ်းစိတ်စိတ်ဖြင့် အပေါ်သို့ မပြေးရုံတစ်မယ် တက်လာချိန်....
"ဝုန်း.... "
"အား..... "
သူ့ညာဘက်ရှိ အခန်းတံခါးဆီမှ အသံအကျယ်ကြီးထွက်လာသောကြောင့် နိုအယ့်ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားရသည်။
ကြည့်ရတာ ရန်ဖြစ်နေပုံပဲ။ နိုအယ် အမြဲတမ်းလိုလို သူ့အခန်းအောက်က လင်မယားရန်ဖြစ်တာကို ကြားရလေ့ရှိသည်။
သို့သော် သူ သူများလင်မယားကြားကိစ္စဖြစ်နေသည့်အပြင် နိုအယ်က အိမ်နီးနားချင်းတွေနဲ့ ဖော်ဖော်ရွေရွေနေတတ်သည့် လူမဟုတ်၍ လျစ်လျူရှုထားဖြစ်ပါသည်။"ရန်ဖြစ်ကြပြန်ပြီလား ??"
သူ့အနောက်မှ မိန်းမတစ်ယောက်အသံကြားလိုက်သဖြင့် နိုအယ် လှည့်ကြည့်လိုက်မိသည်။
ရန်ဖြစ်နေသော အခန်းနှင့် မျက်နှာချင်းဆိုင်အခန်း၏ တံခါးဝတွင် ရပ်နေသော အသက် ၅၀ ကျော် အရွယ် ခပ်ဝဝ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါသည်။ ထိအြမျိုးမှာ ပန်းရောင်နုနု ဂါဝန်တစ်ထည်ကို ဝတ်ဆငိထား၍ အိမ်ရင်းစီးသော ဖိနပ်ကို ဝတ်ထားသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...