Chapter : 8

10.4K 1.1K 25
                                    

နိုအယ် ကားမှန်ကိုဖွင့်လိုက်ပြီး တဖွဲဖွဲကျနေသော မိုးရေစက်များကို လက်နှင့်ခံနေမိသည်။

ကားမှန်ချလိုက်သည်နှင့် တိုးဝင်လာသော လေအေးများကြောင့် ဒေါ်နန်းစည်မှာ ပတ်ထားသော တဘက်ကို ဖြန့်ကာ ခြုံလိုက်လေသည်။

နိုအယ်လည်း အမေ တဘက်ပတ်လိုက်သည်ကို မြင်လိုက်သဖြင့် ကားမှန်ကို ပြန်တင်လိုက်မိပါသည်။

"ရတယ်.. သား တံခါးမှန်ချချင် ချထား.. "

"ရပါတယ်.. သားလည်း အေးလာလို့ ပိတ်လိုက်တာ.. "

နိုအယ် ဘေးမှာထိုင်နေသော အမေ့ကို ကြည့်ကာပြောလိုက်လေသည်။

သူတို့ မြို့ထဲမှ ထွက်လာသည်မှာ မိနစ် နှစ်ဆယ် ကျော်နေပြီဖြစ်ပေမယ့် သာရရွာ၏ တိုင်းဘုတ်ပင်မတွေ့ရသေးချေ။

"တောင်စုကလည်း အမြဲ မိုးရွာနေသလိုပဲ.. "

"ဒီမြို့ကတော့ ဒီလိုပါပဲ.. ဒါတောင် နွေဦးပဲရှိသေးတယ်..

မိုးရာသီဆို တစ်ခါတစ်ခါ တစ်လနေမှ နေတစ်ခါ မြင်ရတာမျိုး.. "

"အင်း.. အရင်ကတော့ ရပေမယ့် အခုနောက်ပိုင်း လေးဘက်နာ ပိုဆိုးလာလို့ အခုလို ရာသီဥတုမျိုးဆို သတိထားနေရတယ်.. နိုအယ်ရေ..

မင်းအမေလည်း မငယ်တော့ဘူး.. "

နိုအယ် အမေနဲ့စကားဆက်မပြောတော့ပဲ အပြင်ကို ငေးကြည့်နေလိုက်သည်။

မနက် မိုးလင်းခါစဖြစ်သည့်အပြင် မိုးကလည်းအုံ့မှိုင်းနေကာ မိုးကလည်း တဖွဲဖွဲရွာနေပြန်သဖြင့် ဘာမှ ရှင်းရှင်းလင်းလင်းမမြင်ရ။ ကားလမ်းမကလည်း တောင်တက်လမ်း တောင်ဆင်းလမ်းဖြစ်သဖြင့် အကွေ့အကောက်ကလည်းများကာ ကားတစ်ခါကွေ့တိုင်း နိုအယ်မှာ ဘေးသို့ တစ်ခါယိုင်သွားရပါသည်။

အပြင်က ရာသီဥတုကို ကြည့်လိုက်တာနှင့် ဂျာကင်အပါးလေးသာ ဝတ်ခဲ့သော နိုအယ် နောင်တရချင်မိလာသည်။

နောက်ထပ် ၁၅ မိနစ်လောက် မောင်းပြီးသည့်နောက် သာရရွာကလေး သို့ဝင်လာခဲ့လေသည်။

သာရရွာလေးသည် နှစ်ပေါင်း ၁၀၀ ကျော်လောက် သက်တမ်းရှိသော ရှေးရွာကြီးဖြစ်သည့်အပြင် ရွာထဲမှာလည်း ဟိုး ကိုလိုနီခေတ်၊ ကုန်းဘောင်ခေတ်နှောင်းပိုင်းက ဗိသုကာ လက်ရာတွေနဲ့ဆောက်လုပ်ထားသော အိမ်အိုအိမ်ပျက်များ အများအပြား တည်ရှိနေသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now