နိုအယ် အမြဲ လိုလို ကျောင်းသွားသည့်အခါတိုင်း ဘေးမှ ဖြတ်သွားရသည့် 5 stars Hotel ရဲ့ ထိပ်ဆုံးထပ်သို့ရောက်သော အခါ သူမြင်နေရသော နေ့စဉ်ဓူဝ မြင်ကွင်းများသည် အပေါ်က လှမ်းကြည့်ပါက အရာအားလုံး ကွာခြားသွားသည်ကို သူ သတိထားမိသည်။
"မြင်ကွင်းတွေက အောက်ကနေကြည့်တာနဲ့ အပေါ်က ကြည့်တာ ကွာတယ်နော် သီအို"
သူ့စကားကို သီအို ခေါင်းညိတ်ပြကာ ဝရံတာလက်ရန်းပေါ် လက်တင်ပြီး အောက်မှ ရှုခင်းများကို ကြည့်နေသော သူ့ဘေးနားသို့ လျှောက်လာလေသည်။
"ဒါကြောင့် လူတွေက အထက်မှာနေချင်ကြတာပေါ့။
အထက်ကိုပဲ ကောင်းတဲ့နေရာအနေနဲ့ သတ်မှတ်ကြတော့တာလေ။နတ်ပြည်က မိုးပေါ်မှာရှိပြီး ငရဲက မြေကြီးအောက်မှာဆိုတာ ဒီ အယူအဆကြောင့်ပဲ သတ်မှတ်ကြတာထင်တာပဲ"
နိုအယ်က သူ့စကားကို ကြားတော့ အသံထွက်ရုံ ရယ်လေသည်။ သီအို နိုအယ် ရယ်နေပုံကို သဘောတကျ ငေးကြည့်ပြီးနောက် သူ့မျက်နှာဆီသို့ ဦးတည်တိုက်ခတ်လာသော လေအေးများကို တဝကြီး ရှူသွင်းလိုက်ပါသည်။
သူတို့ တောင်စုမြို့ရဲ့ ညနေခင်းက တိတ်ဆိတ်နေသည်။ ၁၁ လွှာကို ရောက်နေလို့လားတော့မသိ။ ဒီကနေတော့ ဘာ ကားသံ ဆိုင်ကယ်သံမှ မကြားရပါ။တောင်စုမြို့က သိပ်ပြီး နေလို့ကောင်းသော မြို့။
ရာသီဥတုက ဥရောပနိုင်ငံတွေရဲ့ ရာသီဥတုနှင့်တူသည်။ အမြဲအေးနေသော ရာသီဥတု။ ဒါပေမဲ့ တောင်စုမြို့ကတော့ တစ်နိုင်ငံလုံး ပြောစမှတ်ပြုရလောက်အောင် မိုးအရွာကြမ်းသော မြို့တစ်မြို့ဖြစ်ပါသည်။"ဆရာ.. စားပွဲ အသင့်ဖြစ်နေပါပြီ"
ထိုစဉ် သူတို့နှစ်ယောက်နား စားပွဲထိုး တစ်ယောက်က လာ၍ သူတို့ ထိုင်မယ့်နေရာကို အကုန် ပြင်ဆင်ပြီးကြောင်း လာပြောလေသည်။ သီအို နိုအယ့်ကို မျက်စပစ်ကာ အထဲသို့ ဝင်ရန်ပြောလိုက်သည်။
သီအိုသိသလောက်ကတော့ နိုအယ်တို့ မိသားစုလည်း တော်တော်ချမ်းသာပါသည်။ အမေက Advertisement ကုမ္ပဏီတစ်ခုရဲ့ CEO။ အဖေလက်ထက်ကတည်းကရင်း မျိုးနဲ့ရိုးနဲ့ချမ်းသာလာတာဆိုပေမဲ့ နိုအယ်က လုံးဝ သူဌေးသား ပုံစံမပေါက်။ သာမန် ကိုယ့်ဝမ်းကိုယ်ရုန်းနေရသော တက္ကသိုလ်ကျောင်းသားနဲ့သာ တူနေသည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 1) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...