Chapter : 17

8.8K 952 13
                                    

သူတို့ နှစ်ယောက် တောင်စုမြို့ပတ်လမ်းမှတဆင့် မြို့ကို ကျော်လွန်ပြီး တောအုပ်ထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် အအေးဓာတ်က လွန်ကဲစွာ ရိုက်ခတ်လာလေတော့သည်။

"အေးလိုက်တာ"

နိုအယ်က နှုတ်ခမ်းဖျားမှ စကားတချို့ ရေရွတ်လိုက်ရင်း ကားတံခါးမှန် ချထားသည်ကို ပြန်တင်လိုက်သည်။

မခြောက်သေးသော နိုအယ်၏ ဆံပင်ကောက်ကောက်လေးက မဖြီးသင်ထားသောကြောင့် ဆံသားတချို့ နဖူးပေါ် ဝဲကျနေကြသည်။ မျက်မှန်အမည်းရောင် ခပ်ဝိုင်းဝိုင်းက သူ့ရဲ့ မျက်နှာလေးကို ပိုချစ်စရာကောင်းအောင် ဖန်တီးနေသလို ဝတ်ထားသော Oversize အင်္ကျီတီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီ အပြာရောင် ခပ်ကျပ်ကျပ်ကလည်း နိုအယ်ရဲ့ ချောမောမှုကို ပိုပြီး အရောင်တင်ပေးလိုက်သလိုပင်။ နိုအယ်နှင့် ပတ်သက်သမျှ အရာအားလုံးက ကမ္ဘာကျော် ပန်းချီကားချပ်တစ်ခုပေါ်က အရောင်အသွေးတွေလို အစမ်အဟပ် တည့်လှလေသည်။

သီအို မကြာခဏဆိုသလို ကားမောင်းရင်း နိုအယ့်ကို ခိုးကြည့်နေမိသည်။ သူ အရင်ကတည်းက တစ်ချိန်လုံး နိုအယ်ကို စိတ်ဝင်စားကြောင်းပြောနေပေမယ့် သူ ဆိုလိုခဲ့သော စိတ်ဝင်စားခြင်းသည် ထူးဆန်းရှုပ်ထွေးသော ပဟေဠိတစ်ခုကို စိတ်ဝင်စားခြင်းကဲ့သို့သော စိတ်ဝင်စားခြင်းသာဖြစ်ခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ မနက်က နိုအယ့်ရဲ့ အပြစ်ကင်းသော ပုံပန်းသွင်ပြင်ကို တွေ့မိပြီးတဲ့နောက်ပိုင်း သူ့စိတ်က ပုံမှန်မဟုတ်တော့။ နိုအယ်နဲ့ သူ့နား နီးနီးကပ်ကပ် ရှိနေသောအခါ သူ နှလုံးခုန်တာ မြန်လာသည်။ နိုအယ့်ဆီက စကားတစ်ခွန်းကြားမိပြန်လျှင်လည်း ရိုလာကိုစတာ စီးနေရသကဲ့သို့ အသည်းအေးမိပြန်သေးသည်။

ပြီးတော့ ဘာကြောင့်မှန်းမသိ သူ နိုအယ့်ဆီမှ အကြည့်တစ်ချက် ခွာဖို့ကို မနည်းကြိုးစားနေရသည်။ နိုအယ့်ရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီသည် လှပတဲ့ ရိုက်ချက်တွေ အပြည့်ပါတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်နေရသလို သူ့အတွက် မူးယစ်ပျော်ဝင်စရာကောင်းနေလေသည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now