Chapter : 33

7.1K 819 50
                                    

"ဒါနဲ့ မင်း ငါ့အကြောင်းတွေ ဘယ်လိုလုပ်သိတာလဲ??"

သူ့မေးခွန်းကိုကြားတော့ နိုအယ်က သူ့ကိုမကြည့်ပဲ ပြန်ဖြေသည်။

"ဓူဝံ.. မင်း ကို ငါပြစရာရှိတယ်"

နိုအယ်က နံရံကိုမှီနေရင်းမှထလာကာ နံရံကိုမှီလျက် ခြေဆန့်ချထားသော သူ့ရဲ့ဘေးနားမှာ ဒူးထောက်လိုက်ပြီး ဓူဝံရဲ့လက်ကို ဆန့်ပေးရန် အမူအရာနှင့်တောင်းဆိုလေသည်။ ဓူဝံ သူ့ရဲ့ ညာဘက်လက်ကို ဆန့်ကာ ထုတ်ပေးလိုက်သည်။ နိုအယ်က ခပ်ဖွဖွဆုပ်ထားသော သူ့ရဲ့ လက်ချောင်းလေးတွေကို ညင်ညင်သာသာ ဖွင့်လိုက်ရင်း တစ်စုံတစ်ခုကို သူ့ရဲ့ လက်ထဲ ထည့်လိုက်ပါသည်။

"အခု.. မင်း မျက်စိမှိတ်ပြီး အာရုံစိုက်ကြည့်"

"ဘာကို အာရုံစိုက်ရမှာလဲ"

ဓူဝံ အူကြောင်ကြောင်နှင့် ပြန်မေးလိုက်တော့ နိုအယ်က လျှို့ဝှက်သော အပြုံးတစ်ခုနှင့် ပြန်ဖြေသည်။

"မင်း ငါ့ကို ခဏကပြောတယ်မလား။ မင်းအာရုံစိုက်ရင် ဝိဉာဉ်တွေကို မြင်ရတယ်ဆို"

"အင်း.. "

"အဲ့ဒီ ဝိဉာဉ်တွေကို မြင်ရအောင် အာရုံစိုက်ခိုင်းတာ"

ဓူဝံ ခေါင်းခါမိသည်။

"ငါ အဲ့လို မလုပ်တာ ကြာလှပြီ။ လုပ်လို့ရကော ရရဲ့လား မသိတော့ဘူး"

"ရမှာပါ။ မင်းရဲ့ အဲ့ဒီအစွမ်းက မင်းသွေးထဲမှာ ပါလာတာပဲ။ မင်းသွေးတွေကို မထုတ်ပစ်မချင်း မင်း ဝိဉာဉ်တွေနဲ့ ဆက်သွယ်နေနိုင်ဦးမှာ"

နိုအယ်က သူ့ကို ယုံကြည်ချက်ခိုင်မာစွာပင် ပြောပါသည်။

ဓူဝံ စစချင်းတော့ လုပ်ဖို့စိတ်ကူးမရှိ။ သူ ဒီနေ့ ကြုံရတာတွေကြောင့် အရမ်းကို ပင်ပန်းနေလေပြီ။ သို့ပေမဲ့ နိုအယ်​၏ မျှော်လင့်ချက်များ အပြည့်ဖြင့် တောက်ပနေသော မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူနိုအယ်ပြောသည့်အတိုင်း လုပ်ဖို့ သဘောတူလိုက်သည်။ ဓူဝံ မျက်လုံးမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူ့ရဲ့ အာရုံငါးပါးအပေါ်သက်ရောက်သမျှ အထိအတွေ့များကို သေးသေးလေးကအစ သူ့အတွေးအာရုံထဲ ထင်ထင်ရှားရှား မြင်နေရအောင် ခံစားနေရအောင် အာရုံကို စူးစိုက်နေလိုက်သည်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now