Chapter : 3

14.9K 1.4K 39
                                    

"သီအို... မင်း အဖေရောက်နေပြီ.. ဒီအပတ် စနေမှာ မင်းအစ်ကို ဆုံးတာ ၁၃ နှစ်ပြည့်အတွက် ဆွမ်းကပ်ရှိတယ်.. "

"ဟုတ်.. ကျွန်တော် သောကြာနေ့ည လာခဲ့မယ်.. ဦးရဲ.."

"အေး.. အိမ်ကိုလည်း မကြာမကြာ ပြန်လာဦး.. မင်းအဖွားက သိပ်ပြီး ကျန်းမာရေး ကောင်းတော့တာ မဟုတ်ဘူး.. "

သီအို သက်ပြင်းခိုးရှိုက်လိုက်သည်။

"ဟုတ်.. ဦးရဲ..

ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်.. "

"အေး.. အေး... "

သီအို ဖုန်းချပြီး ဖုန်းကို ကုတင်ပေါ် ပစ်တင်လိုက်သည်။

သူ အိမ်မပြန်ချင်ပါ။ အဖွားနဲ့ အဖေတို့ရဲ့ စကားများသံ အော်ဟစ်သံကို မကြားချင်တော့။ သို့သော် သူ မသွားလို့မဖြစ်။ အဲလက်စ် ဆုံးတာ ၁၃ နှစ်ပြည့်ပြီ။ သူသာ အသက်ရှင်နေမယ်ဆို အခု အသက် ၃၃ နှစ် ပြည့်နေမှာပေါ့။

သီအို ဆွဲလက်စ ပန်းချီကို ရပ်လိုက်ပြီး အခန်း ဝရံတာသို့ ထွက်လိုက်သည်။ လပြည့်နေ့ညဆိုတော့ အိမ်အပြင်ဘက် ခြံတစ်ခုလုံးကို ရှင်းရှင်းဘင်းလင်းမြင်နေရလေသည်။ အိမ်ဝင်းထောင့်မှာရှိသည့် ညမွှေးပန်းခြုံမှ ညမွှေးပန်းတို့သည်လည်း လရောင်ဆမ်း၍ သူသူငါငါ ဖူးပွင့်နေကြသည်။ ညလေအေးတစ်ချက်အဝှေ့တွင်မူ လေနှင့်အတူ ပျော်ဝင်တိုက်ခတ်လာသည့် ညမွှေးပန်းရနံ့ ခပ်အီအီကြောင့် သီအို့ခေါင်းခမျာ အနည်းငယ်ပင် ရှုပ်ထွေးသွားရလေသည်။

"တီ.. တီ.. "

"ဟယ်လို... သောက ပြော.. "

"အေးအေး... ငါ လာခဲ့မယ်.. "

သောကရိပ်က သူ့ကို ဘီယာသောက်ဖို့ခေါ်နေသဖြင့် သီအို ဂျာကင်တစ်ထည် ထပ်ကာ အပြင်ထွက်ခဲ့လေသည်။ ကားမှာဟိုးတစ်နေ့ကတည်းကပျက်နေသဖြင့် နောက်ဆုံးတော့ မလွှဲသာမရှောင်သာ သူ လမ်းလျှောက်သွားဖို့သာ ရွေးလိုက်သည်။ သောကကို လာကြိုခိုင်းနေလျှင် သောကလုပ်ပုံနဲ့ နောက်တစ်နာရီလောက်မှ သူ ဘားကို ရောက်သွားနိုင်လိမ့်မည်။ ထို့ပြင် Bar က သူ့အိမ်နှင့်သိပ်မဝေး။

သူ ညဈေးတန်းကို ဖြတ်ပြီး လျှောက်လာတော့ သူ ပထမဆုံး သတိထားမိလိုက်သည်မှာ ထို ပိုးဟပ်ဖြူလေးကိုပင်။

A Moon Shines In The World Over Yonder (Book - 1) (Completed)Where stories live. Discover now