《 Chapter 1 》

7.3K 518 8
                                    

^Unicode^

အစပြုခြင်း

အခန်း (၁) : နိုးထလာခြင်း

လော်ကျန့်တစ်ယောက် သူ မကြာမကြာမက်‌လေ့ရှိတဲ့ အဲ့ဒီအိပ်မက်ကို ထပ်မက်နေပြန်ပြီ။ အိမ်မက်ထဲမှာ သူ့ကို လူတစ်ယောက်က အမြဲလိုလို စကားလာပြောလေ့ရှိပေမယ့် အဲ့ဒီလူရဲ့မျက်နှာကိုတော့ သူလုံးဝမမြင်ရဘူး။ လော်ကျန့် တစ်ဖက်လူရဲ့မျက်နှာကိုမြင်ရဖို့ သူ့မျက်လုံးတွေကို အတင်းပြူးကျယ်ထားရင်း တစ်ဖက်လူရဲ့ပြောစကားတွေကိုကြားရဖို့ကိုပါ အတော်လေး အာရုံစိုက်ထားပေမယ့်လည်း အရာအားလုံးက အချည်းနှီးသာဖြစ်ခဲ့ရတယ်။

စဉ်းစားကြည့်လေ... မင်းက တူညီတဲ့အိပ်မက်တစ်ခုကိုပဲ အကြိမ်ပေါင်းများစွာ မက်နေတဲ့အခါ မင်းနှလုံးသားထဲမှာ သံသယစိတ်တွေဖြစ်လာပြီးတော့ အဖြေကို အသည်းအသန် ရှာ‌ဖွေချင်လာမယ်၊ အဲ့တာကြောင့် မင်းရဲ့လက်တစ်စုံကိုဖြန့်ကျက်ထားပြီး အကူအညီတောင်းခံဖို့အတွက် ပြင်းပြင်းပြပြ ဆန္ဒရှိပေမယ့်လည်း လက်နှစ်ဖက်စလုံးမှာ ဗလာနတ္ထိသာကျန်ရစ်ခဲ့ပြီးတော့ မင်းအနေနဲ့ ဘာကိုမှမဖမ်းဆုပ်နိုင်ခဲ့တာကိုသာ နားလည်သွားလိမ့်မယ်။

အဲ့ဒီနောက် လော်ကျန့်တစ်ယောက် နိုးလာခဲ့တယ်။ မနက်တိုင်းလိုလိုပဲ သူ့အိပ်ယာပေါ်မှာ မျက်လုံးတွေကိုဖွင့်ထားရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းဖြစ်နေတတ်တယ်။ ဦးဆုံးစက္ကန့်အနည်းငယ်အတွင်း သူ့စိတ်က ဗလာသက်သက် ဖြစ်နေခဲ့ပေမယ့် ပြီးနောက် ချက်ချင်းဆိုသလို တစ်ခုခုမှားနေပြီဆိုတာကို သူသိလိုက်တယ်။

ဒါက သူ့ကိုယ်ပိုင်အိပ်ရာမဟုတ်သလို ဒီအခန်းက သူ့ကိုယ်ပိုင်အခန်းလည်း မဟုတ်ဘူး‌။

အဲဒါကြောင့် လော်ကျန့် ချက်ချင်းဆိုသလို အိပ်ရာ‌ကနေ ခပ်မြန်မြန်ထပြီး သူ့ပတ်ပတ်လည်ကို ပဟေဠိဆန်ဆန်နဲ့ သတိကြီးစွာ စူးစမ်းနေမိတယ်။

သူက စတုရန်းမီတာ ၂၀ ထက်နည်းတဲ့ သေးငယ်ပြီး ပျက်စီးယိုယွင်းနေတဲ့ အခန်းတစ်ခန်းထဲကို ရောက်နေတာဖြစ်ပြီး ၎င်းအခန်းက ၁၉၈၀ ပြည့်နှစ်တုန်းက အိမ်အဟောင်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ သိသာထင်ရှားနေတယ်။ ဒီ‌နေရာမှာ အနည်းဆုံးတော့ ပြတင်းပေါက်တစ်‌ပေါက်နဲ့ တံခါးတစ်ချပ်ရှိတယ်။ အပေါ်က မီးပန်းဆိုင်းဆီမှ ခပ်မှိန်မှိန်မီးရောင်လေးတွေက မျက်နှာကြက်မီး‌ရောင်ကနေ အနီးပတ်ဝန်းကျင်ဧရိယာအထိ ဖြာကျတောက်ပနေတယ်။ ပတ်ပတ်လည်ကို သူ တစ်ချက်ဝေ့ကြည့်လိုက်‌တော့ အခန်းထဲမှာ ခုတင်တစ်လုံးနဲ့ စာရေးစားပွဲခုံတစ်လုံးသာရှိတာကို သူ တွေ့လိုက်ရတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now