《 Chapter 43 》

896 162 6
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၃) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၂)

ယခုအချိန်၌ ပုံရိပ်ယောင်ဆောင်ခန်းအတွင်း ထူးဆန်းတဲ့ အဖြစ်အပျက်တခု ပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်။

Stalker က သူ့ကို အထူးတလည် စိတ်ဝင်စားမှုရှိနေမှန်း လော်ကျန့် တွေ့ရှိလိုက်ရတယ်။ တနေရာရာမှာ သူထိုင်ချလိုက်ရင် Stalker က သူ့ဘေးမှာ လာထိုင်နေပြီး မကြာခဏဆိုသလို သူ့အနားကို ရောက်လာကာ ပွတ်သီးပွတ်သပ်တွေ လုပ်နေတတ်တယ်။ လော်ကျန့်ခမျာ သူ့လုပ်ရပ်တွေကြောင့် ခေါင်းတွေကိုက်လာသလို ခံစားနေရတယ်။ ဒီအရူးက စကားလည်းမပြောနိုင်တဲ့အပြင် လော်ကျန့်ပြောတာကိုလည်း နားလည်ပုံမရဘူး။ သူ့လုပ်ရပ်တွေက ထူးဆန်းနေပြီး လော်ကျန့်ကို ဖမ်းမိတဲ့အချိန်တိုင်း သူက လော်ကျန့်အား မလွှတ်တမ်း ပွေ့ဖက်ထားကာ လွှတ်ပေးရမှာထက် အသေသာခံလိုက်ချင်သလို ပြုမူနေခဲ့တယ်။

"ငါ့ကိုလွှတ်စမ်း!" လော်ကျန့်အား ဖမ်းမိသွားပြန်ပြီဖြစ်တယ်။ သူမျက်မှောင်ကြုတ်ပြီး ရှင်းယန်အား ပြင်းထန်စွာ အော်ဟစ်ပစ်လိုက်တော့တယ်။

ရှင်းယန်က လော်ကျန့်ဆီကနေ မျက်စိမလွှဲနိုင်ခဲ့ချေ။ သူငယ်အိမ်တွေက သွေးနီရောင်တောက်နေပြီး လော်ကျန့်ထံ တည့်တည့်စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက သားရဲကောင်ရဲ့မျက်လုံးတွေနဲ့ ထူးမခြားနားပဲဖြစ်တယ်။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးတဲ့နောက် လော်ကျန့် သူ့ဆံပင်မွေးတွေ အရင်းကနေ ထောင်နေသလို ခံစားလိုက်ရတယ်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ သူ့မျက်လုံးတွေကို လော်ကျန့် ပြန်လည်စိုက်ကြည့်ရင်းကနေ သူ့နှလုံးခုန်နှုန်းတွေပါ မြန်ဆန်လာခဲ့တယ်။

ရှင်းယန်က သူတို့ကြားရှိ အကွာအဝေးကို ချုံ့ပစ်လိုက်ပြီး လော်ကျန့်ရဲ့ပန်းနုရောင်နှုတ်ခမ်းတွေကို စတင်လျက်လိုက်တယ်။ ဒီအရူးက ဘယ်လိုနမ်းရမှန်း မသိတာကို လော်ကျန့် သိလိုက်ရတယ်။ သူက လော်ကျန့်နှုတ်ခမ်းတွေကို လျက်တာ၊ ကိုက်တာလောက်သာ လုပ်တတ်တယ်။ လော်ကျန့်ပါးစပ်ထဲကို သူ့လျှာကိုပါ တွန်းထည့်လိုက်တယ်။ သို့ပေသည့် ယေဘုယျအားဖြင့် သူက လော်ကျန့်ရဲ့လျှာကို ကိုက်ပြီး လွှတ်ပေးရန် ငြင်းဆန်နေလိမ့်မယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now