《 Chapter 44 》

987 159 10
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၄) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၃)

** Slight NSFW, Dub-con

Please note, this is not an accurate depiction of m/m sex in reality **

တချို့အမှတ်အသားတွေက တခြားသူတွေနဲ့ ချိတ်ဆက်မှုရှိကြတယ်၊ လောလောဆယ် လော်ကျန့်ဆီမှာ ရှိနေတဲ့ အမှတ်အသားလိုမျိုးပေါ့။

သီးသန့်အမှတ်အသားက Stalker ရဲ့လက်မောင်းပေါ်မှာ ပေါ်ထွက်လာတဲ့အခါ လော်ကျန့် ရုတ်ခြည်းဆိုသလို မူမမှန်တဲ့ တစုံတရာကို ခံစားမိလိုက်ပြီး ပြင်းထန်ကာ ထူးဆန်းတဲ့ ခံစားချက်တခုက သူ့ရင်ထဲကို တိုးဝင်လာခဲ့တယ်။ တစုံတရာက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတခုနဲ့ မြဲမြံစွာ ချိတ်ဆက်လိုက်တာကို သူရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရသလိုပါပဲ။

အသွေးအသားထဲမှာ နစ်မြုပ်နေပြီး အရိုးအဆစ်အထိ ထွင်းထုထားကာ စိတ်ဝိညာဉ်တွေထဲအထိ မြှုပ်နှံခံလိုက်ရတဲ့ ကြောက်မက်ဖွယ် ဆက်နွယ်မှုပါပဲ။

ဒီအခိုက်အတန့်မှာ လော်ကျန့် ရုတ်တရက် နားလည်လိုက်တာက သူ့ရှေ့မှာရှိနေတဲ့ Stalker နဲ့ သီးသန့်ဆက်သွယ်မှု နည်းလမ်းတခု တည်ဆောက်လိုက်တယ်ဆိုတာပါပဲ။ သူတို့အနေနဲ့ နှုတ်ဖြင့် ပြောဆိုဆက်သွယ်မှု မပြုလုပ်နိုင်သေးသော်ငြား လော်ကျန့် သိလိုက်ရတာက တဖက်လူရဲ့ "တည်ရှိမှု" ကို သူခံစားမိနိုင်တယ်ဆိုတာပါပဲ!

'တည်ရှိမှု' ဆိုတဲ့ အဲ့ဒီခံစားချက်က...... သူ့မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားနဲ့ အရေပြားဆိုတာတွေထက် လော်ကျန့်မှာ တခြား အပိုဆောင်း အာရုံခံအင်္ဂါအစိတ်အပိုင်း တခုရှိနေပြီး ထိုအစိတ်အပိုင်းကသာ Stalker အား အာရုံခံနိုင်တာဖြစ်တယ်။ ၎င်းက Stalker ရဲ့နှလုံးသားထဲက ရိုးရှင်းတဲ့ စိတ်ခံစားချက်တွေကိုသာမက သူ့လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေကိုပါ ခံစားသိရှိနိုင်တယ်။ သူ့ရဲ့မူလအာရုံငါးပါးကို ပိတ်ဆို့ထားခဲ့မယ်ဆိုရင်တောင် လော်ကျန့်အနေနဲ့ Stalker ရဲ့လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်းကြီး အာရုံခံနေနိုင်ဆဲပါပဲ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now