《 Chapter 3 》

2.3K 435 25
                                    

^Unicode^

အစပြုခြင်း

အခန်း (၃) : သေစေနိုင်သော

လော်ကျန့် ဘယ်ဘက်ကနံရံဆီ လှမ်းကြည့်လိုက်မိတယ်။ တကယ်တမ်းတော့ ဘယ်ဘက်ခြမ်းက ဘာကိုရည်ညွှန်းတယ်ဆိုပြီး တိကျတဲ့ယူဆချက်မရှိ‌ပေမယ့် အဲ့ဒါက စာရေးစားပွဲရဲ့ဘယ်ဘက်ခြမ်းကို ဆိုလိုချင်တာပဲဖြစ်လိမ့်မယ်။ နံရံပေါ်မှာ ဟောင်းနွမ်းဆွေးမြေ့တဲ့ အရိပ်အယောင်တွေရှိနေပြီး နေရာတိုင်းလိုလို အဖြူရောင်သုတ်ဆေးတွေကွာကျ‌နေကာ အနီရောင်အုတ်ခဲတွေသာ ကျန်ရှိ‌နေတယ်။ ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ထားခဲ့ပြီး ကျေးလက်ဒေသတွင် တည်ရှိနေသေးသော အိမ်တစ်လုံးဖြစ်သည့်တိုင် ၎င်းမှာ ဒီ့ထက်ပိုပြီးခိုင်ခံ့ရန် မဖြစ်နိုင်တော့ချေ။

"ဖြိုချပစ်လိုက်တာပေါ့" လော်ကျန့် ရုတ်ချည်းဆိုသလို သူ့ကျောကိုမတ်မတ်ထားကာ တူကိုမြှောက်ပြီး နံရံအား ချက်ချင်းထုချလိုက်တယ်။ တံခါး သို့မဟုတ် ပြတင်းပေါက်လိုမဟုတ်ဘဲ ဤနံရံက လုံး၀ကိုအကြမ်းမခံဘဲ ဒီတိုင်း ကျိုးပျက်လွယ်တာမျိုးပဲဖြစ်လိမ့်မယ်။ ရိုက်ချက်တစ်ချက်က အက်ကြောင်းကြီးတစ်ခုကိုဖြစ်ပေါ်စေပြီး နောက်တစ်ချက်က အပေါက်တစ်ပေါက်ဖြစ်သွားစေတယ်၊ အတွင်းမှာတော့ မည်းမှောင်လို့နေတယ်။ လော်ကျန့်ရဲ့ခွန်အားကလည်း ကြီးတယ်ဆိုတာ သဘာဝကျလှတယ်၊ နောက်ဆုံးတော့ ဒီကျဉ်းမြောင်းတဲ့ အလုံပိတ်ခန်းက သူ့ကို ရူးသွပ်သွားလုနီးပါးဖြစ်စေခဲ့တယ်၊ သူ့မှာ claustrophobia မရှိပေမယ့်လည်း ဒီသောက်ကျိုးနဲအခန်းကြောင့် အဲ့ဒီစိတ်ကြီး မပေါ်ပေါ်လာအောင် အတင်းအကျပ် ဖိအားပေးခံထားရသလို သူခံစားရနေပြီလေ!

ရူးသွပ်မှုအရှိန်ကြောင့် လော်ကျန့်တစ်ယောက် နံရံကို လျင်မြန်စွာရိုက်ချိုးပြီး လူတစ်ဦးဖြတ်သန်းသွားလာနိုင်ရန် အပေါက်ကြီးကြီးတစ်ပေါက်ကို ဖန်တီးလိုက်တယ်။ အပေါက်၀မှာ ခပ်ဖျော့ဖျော့အလင်းတန်းတစ်ခု လင်းလက်လာခဲ့တယ်၊ အတွင်းပိုင်းက မှောင်မည်းနေတဲ့အပြင် လုံလုံလောက်လောက် ကျယ်၀န်းတယ်လို့ယူဆလို့ရတဲ့ နေရာလေးတစ်ခုရှိနေပုံပေါ်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now