《 Chapter 50 》

936 145 4
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၅၀) : ပြစ်ဒဏ်ပေးခြင်း

လော်ကျန့်ကို နယ်မြို့လေးတခုမှာ မွေးဖွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူ့မိသားစုမှာ အတော်လေး ဆင်းရဲနေပေမဲ့ သူ့မိဘတွေမှာတော့ လူမှုဖူလုံရေး အဆက်အသွယ်တွေ ရှိတယ်။ သူတို့တွေ တနေ့ကို ထမင်းသုံးနပ် စားနိုင်တဲ့အထိ ဖူလုံခဲ့ကြတယ်။ သို့ပေသည့် သူငယ်ငယ်က နေမကောင်းဖြစ်ခဲ့ဖူးတာကို လော်ကျန့် ခပ်ရေးရေး ပြန်အမှတ်ရမိတယ်။ သူအတော်ကြီးကို နာမကျန်းဖြစ်ခဲ့တယ်။ သူ့မိဘတွေ ငိုကြွေးနေကြတာကို မြင်ဖူးထားမှန်း သူမှတ်မိတယ်။ နောက်ပိုင်းမှာ အားပြန်ဖြည့်ဖို့အတွက် သူ့အဘွားရှိရာ ကျေးလက်ဒေသဆီ သူအပို့ခံလိုက်ရပြီး ထိုနေရာမှာဘဲ အချိန်အတိုင်းအတာတခုအထိ နေထိုင်ခဲ့ရတယ်။

သို့ပေမဲ့ ထိုအမှတ်တရတွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှဘူး။ သူ့အဘွားက ရွှံ့ဝါရောင်အုတ်အိမ်လေးမှာ နေထိုင်ပြီး အိမ်တံခါးနားမှာ osmanthus အပင်တပင် ရှိတာကိုပဲ သူမှတ်မိတော့တယ်။ ပန်းပွင့်ချိန်ရောက်ပြီဆိုရင် အပွင့်တွေက အနံ့အရမ်းမွှေးတယ်။ အဝေးတနေရာမှာတော့ လယ်ကွင်းကြီးတွေနဲ့ တောင်တန်းကြီးတွေလည်း ရှိနေတယ်။

[ Moon : Osmanthus ကို Sweet Olive, Tea Olive, Fragrant Olive လို့လည်း ခေါ်ပါတယ်။ Sweet Osmanthus ဆိုတာ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရဲ့ 'city flower' ပါ။ ပန်းပွင့်က အရောင်အနေနဲ့ အဖြူ၊ အဝါနု၊ အဝါ၊ လိမ္မော်ဝါ ဆိုပြီး ရှိပါတယ်။ အပွင့်က အနံ့အရမ်းမွှေးပြီး အရွက်ကိုတော့ လက်ဖက်ရည်ထဲမှာ အမွှေးအကြိုင်အနေနဲ့ ထည့်သောက်ကြပါတယ်။ ဆေးဖက်ဝင်တဲ့ အပင်တမျိုးပါပဲ။ ]

သူ့အဘွားက sweet osmanthus ကိတ်မုန့်လေး လုပ်ပေးခဲ့တဲ့အပြင် အဲ့ဒီကိတ်ရဲ့ချိုမြိန်ပြီး အီစိမ့်တဲ့ အရသာက သူ့မှတ်ဉာဏ်တွေထဲမှာ စွဲထင်နေပုံရတာကို လော်ကျန့် မှတ်မိနေခဲ့တယ်။ သူမှတ်မိနေတာက အဲ့ဒီကိတ်မုန့်လုပ်နည်းကို သူ့အဘွားက လော်ကျန့်ကို တခါသင်ပေးထားဖူးပေမဲ့ အခုအချိန်မှာတော့ လော်ကျန့်က အရာအားလုံးကို မေ့သွားခဲ့ပြီဖြစ်တယ်။ သူ့အဘွားဆုံးပါးသွားပြီးတဲ့နောက် ထိုလက်ရာက ပျောက်ကွယ်သွားပြီဖြစ်တဲ့ အနုပညာတခု ဖြစ်လာခဲ့ပုံပါပဲ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now