《 Chapter 31 》

1.3K 256 7
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၃၁) : ဖမ်းဆီးခြင်း

"အခုကျတော့ရော?" လော်ကျန့် သူ့ဓားမြှောင်ကို ဆွဲထုတ်ပြီး နွယ်ပင်တွေကို ရှေ့နောက်ဘေးဘီဝဲယာ အဆက်မပြတ် စတင်ခုတ်ဖြတ်တော့တယ်... ဒီနွယ်ပင်တွေ ဘယ်လောက်အထိရှည်ပြီး ဘယ်လောက်တောင်ထူလဲဆိုတာ ကျွန်တော်သိတော့သိချင်မိသား? လော်ကျန့် လုံးဝကို အံ့အားသင့်နေမိတယ်။ သစ်နွယ်ပင်တွေကို အားနဲ့ သူခုတ်ထစ်နေခဲ့တယ်၊ ဒီနွယ်ပင်တွေကိုကြည့်ရတာ နာကျင်မှုကို ခံစားနေကြပုံရပြီး ၎င်းတို့ခမျာ အဆက်မပြတ် တုန်ယင်နေကြတယ်။ ဒါကိုမြင်လိုက်ရတော့ လော်ကျန့်ရဲ့ဆံပင်မွှေးတွေ အရင်းကနေ ထောင်ကုန်တော့တယ်။

အစကတည်းက ၁၃ နဲ့ ၁၄ မောင်နှမနှစ်ယောက်နဲ့ လော်ကျန့်တို့က ဆန့်ကျင်ဘက်လမ်းကြောင်းနှစ်ခုကို လုံးလုံးလျားလျား ရွေးချယ်လျှောက်လှမ်းခဲ့ကြတာဖြစ်တယ်။ Stalker က သွမ့်လိနဲ့ တိုက်ခိုက်နေဆဲဖြစ်ပြီး ဖုန်းယွီလန်ကတော့ သစ်ခေါင်းပေါက်ထဲမှာ ပိတ်မိနေခဲ့ကာ ဘာမှလုပ်စရာမကျန်တော့ချေ။ လော်ကျန့် အကူအညီပေးနိုင်မဲ့ တခြားဘယ်သူ့ကိုမှ မတွေးနိုင်တော့ဘူး။ ဒီနွယ်ပင်တွေက ထင်မထားလောက်အောင်ကို သန်မာလွန်းနေတယ်။ လော်ကျန့် ထိုနွယ်ပင်တွေကို မရပ်မနား ခုတ်ပိုင်းပစ်နေတာတောင်မှ ဒီဟာတွေက သေချာပေါက် တကယ့်လက်တွေ့ကမ္ဘာမှာ ရှာတွေ့နိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ဒီနွယ်ပင်တွေကို ဘယ်သူရှင်းပေးနိုင်လဲ? သေချာတာပေါ့၊ ဒီနေရာမှာ ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခဲ့သူဖြစ်တဲ့ သွမ့်လိကလွဲလို့ တခြားဘယ်သူမှမရှိနိုင်ဘူး။

"အားလန်၊ မင်း အဲ့ဒီမှာ အဆင်ပြေရဲ့လား?" နွယ်ပင်တွေ ရစ်ပတ်ခံထားရတဲ့ လော်ကျန့်ခမျာ လေထဲမှာ ဇောက်ထိုးကြီး အဆွဲခံထားရတယ်၊ သူ့ရှေ့မှာရှိနေတဲ့ ကမ္ဘာတခုလုံးကလည်း ပြောင်းပြန်ကြီးဖြစ်နေတယ်။ လော်ကျန့်ဦးနှောက်ထဲကို သွေးတွေ တိုးဝင်လာရင်း သူ့ကို ငြိမ်ကျသွားစေတယ်။ သူပထမဆုံးလုပ်ရမဲ့အရာက ဖုန်းယွီလန်ရဲ့အခြေအနေကို သေချာအောင် လေ့လာစိစစ်ဖို့ပါပဲ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now