《 Chapter 34 (Unicode) 》

1.2K 233 12
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၃၄) : အမှတ်တရများ

သူ့ငယ်ဘဝ အမှတ်တရတွေကို ပြန်ဖော်ဖို့ ကြိုးစားတဲ့အချိန်တိုင်း လော်ကျန့်စိတ်ထဲမှာ ပေါ်လာတတ်တဲ့ မြင်ကွင်းတခု အမြဲရှိတယ်။

နေဝင်ဆည်းဆာအချိန် အလင်းရောင်၊ နေဝင်ချိန်၊ စိမ်းလန်းတဲ့ သစ်ပင် ချုံပင်၊ ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေ၊ စိမ်းလန်းစိုပြေ သန်စွမ်းတဲ့ ချုံတောတွေပေါ့။

ကမ္ဘာကြီးရဲ့ကျယ်ပြောလှတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ် နေရာတခုဆီကို ခေါ်ဆောင်သွားခဲ့တယ်။ တောက်ပတဲ့ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းကို ထိကပ်လိုက်တာနဲ့တပြိုင်နက် ၎င်းရဲ့ရောင်ခြည်တွေက လေထုထဲမှာ ပြန့်ကြဲသွားခဲ့တယ်၊ ကြက်သွေးရောင် အစင်းကြောင်းတွေက တိမ်လွှာပါးပါးတွေရဲ့ သန့်စင်တဲ့အရောင်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကောင်းကင်ကြီးကို လိမ္မော်နီရောင်ခပ်ရင့်ရင့်အဖြစ် ခြယ်မှုန်းထားတယ်။ လတ်ဆတ်တဲ့ ညနေခင်း လေပြေလေညင်းလေးက သူ့ပါးပြင်တွေကို ဖြတ်တိုက်သွားပြီး လန်းဆန်းတဲ့ အထိအတွေ့ကို ယူဆောင်ပေးလာတယ်။ နောက်ပြီး သူ့မြင်ကွင်းအတွင်း မတ်တပ်ရပ်နေတဲ့ ရှည်သွယ်သွယ် ပုံရိပ်မည်းတခု ရှိနေတယ်။ ထိုပုံရိပ်ကို ရင်းနှီးသလိုလို ခံစားနေရပေမဲ့ တဖက်လူက နေဝင်ချိန်ကို ကျောပေးထားတာကြောင့် ထိုလူရဲ့အရိပ်ကျနေတဲ့ မျက်နှာအသွင်အပြင်တွေကို လော်ကျန့် ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေသည့် တဖက်လူရဲ့မျက်နှာကို မမြင်ရတာတောင်မှ ထိုလူက နူးညံ့တဲ့ အပြုံးတပွင့်ကို ပြုံးပြနေရင်း နက်ရှိုင်းပြီး မည်းနက်နေတဲ့ အဲ့ဒီမျက်လုံးတွေအတွင်း ညင်သာတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သူမြင်နေရဆဲပင်။

လော်ကျန့် သူ့ကို တကယ်မမှတ်မိဘူး။ ဒါက အဆုံးမရှိတဲ့ တူညီတဲ့ အိပ်မက်တခုပါပဲ။ အဲ့ဒီအိပ်မက်ထဲမှာ ထိုလူက သူ့ကို စကားတွေအမြဲပြောနေခဲ့ပေမဲ့ တဖက်လူရဲ့မျက်နှာကို သူဘယ်တော့မှမမြင်ရဘူး။ ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ဖြစ် သူအိပ်ပျော်သွားပြီဆိုတာနဲ့ ဒီအိပ်မက်အတိုင်း တထပ်တည်း အမြဲမက်တော့တာပါပဲ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now