《 Chapter 26 》

1.4K 276 8
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၂၆) : အသက်ရှင်ကျန်ရစ်ခြင်း

ဖုန်းယွီလန်တယောက် လက်နက်တွေမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်စိတ်စွမ်းအားတွေ ပိုင်ဆိုင်ထားကြတယ်ဆိုတာကို သတိမပြုမိတာ သေချာသလောက်ပါပဲ၊ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဒါက လုံးဝကို ကောင်းတဲ့အရာတော့ မဟုတ်ဘူး။

ဆောင်ခန်းက ကစားသမားအားလုံးကို လက်နက်တခုစီ ပေးထားတယ်။ ၎င်းလက်နက်တွေရဲ့ဖန်တီးမှုနဲ့ မူလဇစ်မြစ်တွေက ကစားသမားတွေရဲ့အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပြင် ၎င်းတို့ရဲ့စိတ်ဓာတ်အပေါ် အခြေခံတယ်။ ပြောရမယ်ဆိုရင် လူတယောက်ရဲ့ပင်ကိုစရိုက်နဲ့ ကိုယ်ကာယကြံခိုင်မှုက ထိုလူရဲ့စံပြလက်နက်ကို ဆုံးဖြတ်ပေးတယ်ဆိုတာပါပဲ။ လော်ကျန့်လိုမျိုး တချို့လူတွေက ပင်ကိုအားဖြင့် ဓားတွေနဲ့ သင့်လျော်တယ်။ ထို့အပြင် များသောအားဖြင့် ဓားအသုံးပြုတဲ့သူတွေက သဘာဝအလျောက် အတော်လေး ရန်လိုတတ်လေ့ရှိကြတယ်၊ ၎င်းတို့အားလုံးက သူတို့စိတ်ထဲမှာ 'ရက်စက်မှု' ဆိုတဲ့ အမျိုးအစားတခုကို ပိုင်ဆိုင်ထားကြတယ်။ အဲ့ဒီပင်ကိုအရည်အချင်းတွေက အပေါ်ယံအားဖြင့် မသိသာဘူးဆိုပေမဲ့ တည်ရှိနေတာမျိုးဖြစ်တယ်၊ ၎င်းအရည်အချင်းတွေက လူတယောက်ရဲ့အနက်ရှိုင်းဆုံး နှလုံးသားထဲမှာ ရိုးရိုးရှင်းရှင်း နစ်မြုပ်နေပြီး လူတယောက်ရဲ့တကယ့်အစစ်အမှန်ကို မြုပ်နှံထားတဲ့ နေရာတခုဖြစ်တယ်။

ဒီသဘောအရ လော်ကျန့်က အချို့အချက်တွေမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သူတယောက်ဖြစ်တယ်၊ သူက အတော်လေး လူမဆန်သူပါပဲ။

ဒါပေမဲ့ ဖုန်းယွီလန်ကျတော့ရော? ဒီမှော်စာအုပ်ကို ရှေးဘာသာစကားနဲ့ အဓိကရေးသားထားတာကြောင့် ဆောင်ခန်းက သူ့ကို ရှေးအဆက်အနွယ်တယောက်ဖြစ်တဲ့အကြောင်း ညွှန်ပြနိုင်တဲ့ grimoire ကို လက်ဆောင်ပေးလိုက်တာဖြစ်မယ်။ ဒါ့အပြင် ဒီစာအုပ်က ဖုန်းယွီလန်ရဲ့အတွင်းစိတ်ထဲက ရှုပ်ထွေးနက်နဲမှုတွေကို ပုံဖော်ပေးနေတယ်၊ ကြမ္မာဆိုးကြီးကို သူထာဝရပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ ရှုပ်ထွေးမှုတွေကိုပေါ့။ ဥပမာပြောရရင် စာအုပ်ရဲ့အပေါ်မျက်နှာပြင်ကို တချက်ကြည့်ကြည့်။ အထဲမှာ ရေးထားတဲ့ ဇာတ်ကြောင်းက တကယ်တော့ စာအုပ်အဖုံးကို အခြေခံထားရုံသာဖြစ်ပြီး ဘယ်လောက်ရှုပ်ယှက်ခတ်၊ ဘယ်လောက်အကွေ့အကောက်များပြီး ဘယ်လောက်နက်နဲသလဲဆိုတာကို ကြည့်ရုံနဲ့တင် ဘယ်လိုမှနားလည်နိုင်မှာမဟုတ်ဘူး။ လျှို့ဝှက်ဆန်းကြယ်ပြီး ခက်ခဲနက်နဲတဲ့ ဒီအမျိုးအစားက အဲ့ဒီလိုမဖြစ်နိုင်တဲ့ လက်နက်မျိုးကို ဖြစ်ပေါ်လာစေခဲ့တယ်လေ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now