《 Chapter 36 》

1.6K 219 8
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၃၆) : အပြန်အလှန်မှီခိုခြင်းစာချုပ်

"အပြန်အလှန်မှီခိုခြင်းစာချုပ်ဆိုတာ ဘာလဲ?"

လော်ကျန့် ဘားထဲဝင်ဝင်ချင်းမှာဘဲ ဘော့စ်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး တက်ကြွထက်သန်စွာနဲ့ အဖြေကို တောင်းဆိုလိုက်တယ်။

ဘော့စ်ကြီးကတော့ အမြဲလိုလို မူးနေတဲ့သူဖြစ်တယ်။ သူက မျက်စိကိုမှေးထားကာ တဖက်လူ ဘယ်သူလဲဆိုတာကို ကြိုးစားအဖြေရှာနေရင်း လော်ကျန့်အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သဘောပေါက်သွားပြီး နောက်ဆုံးမှာ တတွတ်တွတ်ပြောလာခဲ့တယ်၊ "အာ! လော်ကျန့်ပဲ... အစ်! သူ ငါ့ကိုလာရှာတယ်... မင်း ငါ့ကိုလာရှာတာ... ဆိုတော့ မင်း ငါ့ကို ဘာလုပ်ဖို့လာရှာပြန်တာတုန်း?"

စိတ်မရှည်စွာနဲ့ အံကိုတင်းတင်းကြိတ်ထားရင်း လော်ကျန့်တယောက် အသက်ကိုပြင်းပြင်းရှူသွင်းပြီးနောက် သူ့ရှေ့က စားပွဲပေါ်ကို လက်ဖဝါးနဲ့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်။ သက်ရောက်မှုအားကြောင့် စားပွဲပေါ်က ဝိုင်ပုလင်းက လဲကျသွားတော့တယ်။ နောက်ဆုံးမှာ ဖိုသီဖတ်သီ ဝတ်စားထားတဲ့ ဘော့စ်အိုကြီးက အမူးပြေသွားပြီး မှောင်မိုက်ကာ အန္တရာယ်ရှိတဲ့ အရောင်အဝါတွေကို ထုတ်လွှတ်နေတဲ့ လော်ကျန့်ထံ တည့်တည့်ပြန်ကြည့်လာခဲ့တယ်။ တုန်လှုပ်ချောက်ချားမှုကြောင့် ပြင်းပြင်းထန်ထန် တုန်ရီနေတဲ့ သနားစရာ ဘော့စ်အိုကြီးက ထုတ်ဖော်ပြောလာခဲ့တယ်၊ "အပြန်အလှန်မှီခိုခြင်းစာချုပ်ဆိုတဲ့ အဲ့ဒီဟာက..."

"အင်း၊ ပြောရရင် အဲ့ဒါက သူ့နာမည်အတိုင်းပဲပေါ့။ ပိုပြီးနားလည်လွယ်အောင်ပြောရမယ်ဆိုရင် အပြန်အလှန်မှီခိုခြင်းစာချုပ်ဆိုတာက အဲ့ဒီစာချုပ်နဲ့ ချည်နှောင်ခံလိုက်ရတဲ့ ပုဂ္ဂိုလ်က စာချုပ်ကို ဖြစ်ပေါ်စေတဲ့ ပုဂ္ဂိုလ်ရဲ့တဖက်သတ် လွှမ်းမိုးထိန်းချုပ်မှုကို ခြွင်းချက်မရှိ လက်ခံရမယ် ဆိုတဲ့အဓိပ္ပာယ်ပဲ" ဘော့စ်ဦးလေးကြီးက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်တယ်။ "ဒီစာချုပ်ရဲ့အကြီးမားဆုံး အားသာချက်က သက်တမ်းကို မျှဝေတာမျိုး၊ ဒါမှမဟုတ် ကံကြမ္မာတွေ ချိတ်ဆက်နေပြီး လူနှစ်ယောက်ကို အတူတူ ချည်နှောင်လိုက်တဲ့ သဘောမျိုးပါပဲ။ တဖက်လူက သေခါနီးဖြစ်နေရင်တောင် အဲ့ဒီလူ လုံးလုံး မသေသေးသရွေ့ အခြားတဖက်လူက သူ့ရဲ့ကိုယ်ပိုင်အသက်စွမ်းအားကို တဖက်လူနဲ့ ပေါင်းစည်းပြီး ထောက်ပံ့ပေးခြင်းအားဖြင့် နောက်ဆုံးမှာ နှစ်ယောက်လုံး အသက်ရှင်ခွင့်ရတာမျိုးပေါ့"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now