《 Chapter 17 》

1.3K 296 12
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၁၇) : တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း (အပိုင်း ၄)

နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ၊ လူသတ်သမားက အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတာကို အတိအကျ သက်သေပြစရာ သူ့မှာ မရှိတာကြောင့် လော်ကျန့်က သူ့ရဲ့ခွဲခြမ်းစိတ်ဖြာမှု မှန်၊ မမှန်ဆိုတာကို မသိဘူး။ သေချာတာပေါ့၊ အဲ့ဒါက သူသက်သေပြကိုပြရမယ်လို့ ဆိုလိုတာမှမဟုတ်တာ၊ သူက ရဲအရာရှိတဦး မဟုတ်တာကြောင့် သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်ရှိနေတယ်။ လူသတ်သမားရဲ့ရည်ရွယ်ချက်နဲ့ အတွေးအခေါ်နည်းစနစ်တွေကို နားလည်သဘောပေါက်ပြီး လူသတ်သမားရဲ့အပြုအမူနဲ့ စိတ်နေစိတ်ထားကို ကောက်ချက်ဆွဲနိုင်လောက်ရုံနဲ့တင် သူ့အတွက် လုံလောက်နေပြီဖြစ်တယ်။

"ဒါပေမဲ့ ဒီမိန်းမ ဘယ်နေရာမှာ အသေအချာ ပုန်းနေနိုင်လောက်လဲ?" ဖုန်းယွီလန်က အဆိုပါကိစ္စအား စဉ်းစားတွေးတောနေခဲ့တယ်၊ သူမနေရာကနေ ထပ်တူခံစားကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ အကျိုးမရှိဖြစ်ခဲ့ရတယ်။ အမျိုးသားတယောက်ရဲ့အတွေးအခေါ်နဲ့ အမျိုးသမီးတယောက်ရဲ့စိတ်နေသဘောထား ကွာဟချက်က အတော့်ကိုကြီးတယ်။ ဖုန်းယွီလန်ခမျာ သူ့ဦးနှောက်က အမျိုးသမီးတယောက်ရဲ့အတွေးကို ခွဲခြားသိမြင်နိုင်လောက်တဲ့အထိ ထူးချွန်ထက်မြက်မှုမရှိဘူးလို့ ခံစားနေရတယ်။

"အဲ့ဒီမိန်းမ ဘယ်မှာပုန်းနေလဲဆိုတာကို ဒီလောက်ခက်ခက်ခဲခဲကြီး စဉ်းစားနေစရာမလိုဘူး။ ဒီမှတ်စုစာရွက်မှာ အတိအလင်း ထောက်ပြထားတယ်မဟုတ်ဘူးလား?" လော်ကျန့်က စောင့်ကြည့်ရေးကုန်းပတ်ပေါ်မှာ သူရှာတွေ့ခဲ့တဲ့ စာရွက်ကို တဖက်လှန်ပြီး ၎င်းမှတ်စုစာရွက်ရဲ့နောက်ကျောဖက်က အဆိုပါစာကြောင်းတကြောင်းကို ဖုန်းယွီလန်ဖတ်လို့ရအောင် ပြသပေးလာတယ်။

【 ရေကြောင်းပြသူသည် နောက်ဆုံးသေဆုံးသူဖြစ်သည်။ သူသည် အမြင့်ဆုံးပလက်ဖောင်းတွင် နေရာယူပြီး ကင်းစောင့်ကာ လူသတ်သမား၏ကျောပြင်အား ငေးကြည့်နေသည်။ 】

"ဒါက... ငါ ဒါကြီးကို လုံးဝနားမလည်တော့ဘူး၊ အာ" ဖုန်းယွီလန်က စိတ်ရှုပ်ထွေးစွာနဲ့ သူ့ဖရိုဖရဲဆံပင်တွေကို ဆွဲဆုပ်လိုက်ပြီး၊ "စောင့်ကြည့်ရေးကုန်းပတ်ကနေဆို ပင်လယ်နဲ့ သင်္ဘောကုန်းပတ်ကလွဲလို့ ဘာမှမမြင်ရတဲ့ဟာကို။ နောက်ပြီး ကုန်းပတ်ပေါ်မှာက အလောင်းတခုတည်းပဲရှိတာလေ။ ဘာလူသတ်သမားလဲ? ဘာလူသတ်သမားမှမမြင်ရတာ အသိသာကြီးပဲကို"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now