《 Chapter 65 》

632 68 12
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၆၅) : သင်္ချိုင်းမြေ (အပိုင်း ၁၁)

** Slight NSFW, Dub-con **

ခေါင်းတလားထဲမှာ Stalker ရှိနေခဲ့တယ်။ တကယ်လို့ သာမန်ကစားသမားတွေသာ ဒီလိုအခြေအနေမျိုး ကြုံလာရရင် လန့်သေကြလိမ့်မယ်။ နှမြောစရာကောင်းတာက လော်ကျန့်က သာမန်ကစားသမား မဟုတ်တာပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ Stalker က လော်ကျန့်ကို မြင်လိုက်ချိန်မှာဘဲ သူ့လက်တွေကို ဆန့်ထုတ်ပြီး ပခုံးကို ဖမ်းဆွဲကာ ကျောက်တလားထဲကို ချက်ချင်း ဆွဲသွင်းလိုက်တာကြောင့်ပါဘဲ။

ခေါင်းတလားက အလွန်ကြီးတဲ့အတွက် လူနှစ်ယောက် ဘေးချင်းကပ်ပြီး လဲလျောင်းနေနိုင်တယ်။ ၎င်းက တမီတာအမြင့်ရှိပြီး နှစ်မီတာနီးပါး ရှည်တယ်။ အထဲကို ဆွဲသွင်းခံလိုက်ရပြီးနောက် လော်ကျန့်ခမျာ အတင်းအကျပ် ပက်လက်လှန်ခံလိုက်ရတယ်။ ရှင်းယန်က သူ့ကို ဖိထားရင်း ခေါင်းငုံ့ပြီး လော်ကျန့်ရဲ့နှုတ်ခမ်းတွေကို တတိတိကိုက်ဝါးလိုက်တယ်။

"ရှိုက်ငိုသံ၊ ရှိုက်ငိုသံ......" လော်ကျန့် သဘောမတူတဲ့အတွက် နှစ်ကြိမ်တိုင်တိုင် ငိုရှိုက်ခဲ့ပေမဲ့ သူ့ရုန်းကန်မှုတွေက ရှင်းယန်ရှေ့မှာ ဘယ်သောအခါမှ ထိရောက်မှုမရှိချေ။ ရှင်းယန်ကတော့ သိသိသာသာကို စိတ်လှုပ်ရှားနေခဲ့တယ်။ သူ့လျှာက လော်ကျန့်ပါးစပ်ထဲကို လျှောဝင်သွားပြီး အတွင်းသားပတ်ပတ်လည်ကို လျက်နေခဲ့တယ်။ သူ့လျှာနဲ့ လော်ကျန့်လျှာကို ရစ်ပတ်ရောယှက်နေအောင် သူ အတင်းအကျပ် ဖိအားပေးလိုက်တယ်။ လော်ကျန့်ခမျာ စိတ်တွေရှုပ်ထွေးပြီး မူးဝေသွားတဲ့အထိ အနမ်းခံလိုက်ရတယ်။ သူ့လက်တွေက ရှင်းယန်ရဲ့နောက်ကျောကို အလိုလို ဖက်တွယ်ထားမိပြီး ယောကျ်ားနှစ်ယောက်က အလွန်နီးစပ်နေတဲ့ အနေအထားနဲ့ အတူတူ ပူးကပ်နေခဲ့ကြတယ်။

သေချာတာပေါ့၊ နမ်းတာလောက်က သူ့အတွက် မလုံလောက်ပါဘူး။ ထုံးစံအတိုင်း ရှင်းယန်ရဲ့လက်တွေက ငြိမ်ငြိမ်မနေခဲ့ချေ။ လက်တဖက်က လော်ကျန့်ရဲ့အဝတ်တွေထဲကို ဝင်လာပြီး သူ့ရင်ဘတ်ကို ထိတွေ့လာခဲ့တယ်။ သူက လော်ကျန့်ရဲ့အသီးလေးတခုကို ရှာတွေ့သွားပြီး အားသိပ်မပျော့မပြင်းနဲ့ မညှာမတာ ညှစ်လိုက်တယ်။ လော်ကျန့်ခမျာ သူ့လုပ်ရပ်ကြောင့် ချက်ချင်းဆိုသလို နှိုးဆွခံလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က အတင်းကာရော ရုန်းကန်လာပြီး သူ့လက်တွေက နှစ်ယောက်ကြားမှာ အကွာအဝေးတချို့ ထားရှိစေဖို့ ကြိုးစားတဲ့အနေနဲ့ ရှင်းယန်ကို ခပ်ဝေးဝေး တွန်းထုတ်နေခဲ့တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now