《 Chapter 7 》

1.9K 352 19
                                    

^Unicode^

အစပြုခြင်း

အခန်း (၇) : တွဲဖက်

The Red Spider Lily ဘားကနေ သူပြန်လာတဲ့အချိန်မှာ၊ ကောင်းကင်ကြီးက အုံ့မှိုင်းနေတဲ့အပြင် တိမ်မည်းတွေက နေရောင်ခြည်ကို ပိတ်ကာထားပြီး ရှိရှိသမျှ အလင်းရောင်တွေကို ဖုံးကွယ်ထားတဲ့ပုံပေါက်နေခဲ့တယ်။ ဒါက မကြာခင် မိုးရွာတော့မယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ။ လမ်းလျှောက်ပြန်လာစဉ်မှာ ဘော့စ် စောစောက ပြောလိုက်တဲ့စကားတွေကို သူပြန်စဉ်းစားနေမိတယ်၊ သူ့ခံစားချက်တွေ ရှုပ်ထွေးနေပြီးတော့ အတော်လေး စိုးရိမ်သောကရောက်နေရတယ်။

သူ စိတ်ကူးပေါက်သလို တွေ့ကရာလူနဲ့ အဖွဲ့သွားဖွဲ့လို့မရဘူး၊ တခြားကစားသမားတွေနဲ့သာ သူအဖွဲ့လုပ်လို့ရမှာဖြစ်တယ်။ ဆောင်ခန်းထဲမှာ သူကြုံကိုကြုံရမယ့် ပြဿနာတွေ ဒါမှမဟုတ် အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့ကိုယ်သူသာ အားကိုးရမယ်ဆိုတာတော့ ပြောနေစရာမလိုတော့ဘူးပေါ့။ ဘော့စ်က လော်ကျန့်ကို တတ်နိုင်သမျှမြန်မြန် ကြိုတင်ပြင်ဆင်ထားပြီး သူ့ရဲ့ကြံခိုင်သန်မာမှုကို တိုးတက်အောင်လုပ်ဖို့ အကြံပေးလာခဲ့တယ်။ ဆောင်ခန်းတွေထဲမှာရှိတဲ့ Stalker တွေက မကောင်းဆိုးဝါးသက်သက်ပဲ မဟုတ်ဘူးလို့ သူသတိပေးထားခဲ့တယ်၊ ၎င်းဆောင်ခန်းတွေထဲမှာ လူသားတွေ စိတ်ကူးနဲ့မှန်းဆလို့ရနိုင်လောက်တဲ့ မည်သည့်သက်ရှိမျိုးမဆို ပေါ်ထွက်လာနိုင်တယ်။

"ငရဲကိုသွားရာလမ်းက လူသားတွေရဲ့စိတ်ကူးထဲမှာပဲရှိတယ်" ဒါကတော့ ဘော့စ်က လော်ကျန့်ကို ဆောင်ခန်းနဲ့ပတ်သတ်တဲ့ ခပ်ရေးရေးအကြံတစ်ခုပေးတုန်းက ပြောခဲ့တဲ့ နက်နဲတဲ့စကားတစ်ခွန်းပဲဖြစ်တယ်။ သို့သည့်တိုင် အဆိုပါစကားကြောင့် သူ နင့်နင့်နဲနဲ စိတ်ညစ်သွားခဲ့ရသော်ငြား၊ ဤအဆင့်မှာတော့၊ သူ့အကျပ်အတည်းကိုကျော်လွှားဖို့ လော်ကျန့်အား မည်သူကမှ မကူညီနိုင်ပါချေ။

ဘော့စ်က မြို့ကိုရောက်လာတဲ့ လူသစ်အားလုံးအတွက် လမ်းပြဖြစ်တဲ့အပြင် ၎င်းတာဝန်အား ဆောင်ခန်းမှ ပေးအပ်ထားတယ်ဆိုတာ သိသာထင်ရှားလှတယ်။ သူ့ရဲ့အဓိကတာဝန်က လူသစ်အားလုံးကို ဆောင်ခန်းနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တစ်ခုနဲ့ အချို့သော ထပ်တိုးအချက်အလက်တို့ကို ရှင်းပြပေးရမှာဖြစ်ကာ၊ အပြန်အလှန်အားဖြင့် သူပြီးမြောက်သွားခဲ့တဲ့ တာဝန်များအားလုံးအတွက် ဆုလာဒ်အနည်းငယ်ရရှိမှာပဲဖြစ်တယ်။ သို့ပေသိ ဘော့စ်တစ်ယောက် ဆောင်ခန်းထဲမှ ကစားသမားတစ်ဦးဖြစ်မလာခင်က သူက The Red Spider Lily ဆိုတဲ့ ဘားအသေးစားလေးရဲ့ပိုင်ရှင်သာဖြစ်တယ်။ သို့သည့်တိုင်၊ ထိုစဉ်က၊ အဆိုပါဘားအား 'The Red Spider Lily' ဟုခေါ်တွင်ခြင်းမရှိသေးပေ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now