《 Chapter 12 》

1.6K 309 1
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၁၂) : တစ္ဆေသင်္ဘော (အပိုင်း ၅)

လော်ကျန့် သင်္ဘောသိုလှောင်ခန်းဆီ စမ်းတဝါးဝါးလျှောက်ရင်း ဖုန်းယွီလန်အတွက် အဝတ်အစားအချို့ရှာပေးဖို့ သင်္ဘောအခန်းတွေထဲက တခုဆီ သူချက်ချင်းသွားလိုက်တယ်။ ခုတင်တလုံးတည်းရှိတယ်ဆိုပေမဲ့ သနားစဖွယ်၊ တုန်ယင်နေရှာတဲ့ ဖုန်းယွီလန်အတွက် သက်တောင့်သက်သာအနားယူဖို့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။ သွားရာလမ်းတလျှောက်မှာ လော်ကျန့်က အမှောင်ထဲမှာ ပုန်းခိုနေတဲ့ ထူးထူးဆန်းဆန်း တစုံတရာက ရုတ်တရက် ပြေးထွက်လာပြီး သူတို့ကိုတိုက်ခိုက်လာမှာကြောက်တာကြောင့် မလိုအပ်တဲ့ခြေလှမ်းတွေကို မလှမ်းရဲလေဘူး။

ထိုနေရာကိုရောက်တဲ့အချိန်မှာ လော်ကျန့်က ၎င်းဧရိယာအား နောက်တကြိမ်ထပ်မံ လေ့လာစူးစမ်းမိပြန်တယ်။ သင်္ဘောအခန်းက သေးငယ်ပြီး တမူထူးခြားနေတယ်၊ အခန်းထဲမှာ ခုတင်တလုံး၊ ဗီရိုတလုံး၊ စားပွဲအသေးတလုံးနဲ့ ကုလားထိုင်တလုံးရှိတယ်။ နှစ်ထပ်စစ်ဆေးပြီး ဘာအမှားအယွင်းမှမရှိတာ သေချာသွားမှပဲ လော်ကျန့် အားလန်ကို ခုတင်ဆီ သယ်လာပြီး ညင်သာစွာ လှဲချပေးလိုက်တယ်၊ ပြီးနောက် သူ တံခါးဆီပြန်သွားပြီး အထဲကနေ လော့ချလိုက်တယ်။ သူကိုင်ထားတဲ့မီးအိမ်က ခပ်ဖျော့ဖျော့အလင်းရောင် ထွက်ပေါ်နေတာကြောင့် ထိုနေရာငယ်လေးအား မှိန်ပျပျ ထွန်းလင်းသွားစေတယ်။ ထို့နောက် လော်ကျန့်က စားပွဲပေါ်မှာ ပစ္စည်းအချို့ တင်လိုက်တယ်၊ မှတ်တမ်းစာအုပ်တအုပ်၊ ကြက်ခြေခတ်ဆွဲသီးတခု၊ ခရမ်းရောင်ပန်းပွင့်ပုံပါ မှတ်စုစာရွက်တရွက်နဲ့ ငွေရောင်အိတ်ဆောင်နာရီတစ်လုံးတို့ပင်။

ထို့နောက် ဖုန်းယွီလန်ကို သူဖွဖွလေးပုတ်ပေးနေရင်း သူ့ခန္ဓာကိုယ်အနှံ့ စေ့စေ့စပ်စပ် ရှာဖွေနေမိတယ်။ တဖက်လူက သူ့ကိုယ်ပေါ်မှာ ပစ္စည်းတွေဘာတွေများ သယ်လာမလားဆိုတဲ့စိတ်ကြောင့်ပင်၊ သို့ပေသည့် သူ့ဆေးရုံဝတ်စုံပါးပါးလေးမှာ ဘာမှကိုရှိမနေခဲ့ဘူး။ အချိန်အတော်ကြာရှာဖွေပြီးနောက် လော်ကျန့် နောက်ဆုံးမှာ ရင်းနှီးနေတဲ့ ပုံနှိပ်စာရွက်ပိုင်းတခုကို သူ့ကိုယ်ပေါ်မှာ ရှာတွေ့သွားပြီး ၎င်းကိုကောက်ကိုင်ကာ တချက်ကြည့်လိုက်တယ်။ ဒါက ဖုန်းယွီလန်ရဲ့ပထမဆုံး ဆောင်ခန်းအတွေ့အကြုံဖြစ်တာကလွဲလို့ သူနဲ့ လော်ကျန့် နှစ်ယောက်လုံးက ဆောင်ခန်းထဲကို တချိန်တည်း ဝင်ရောက်ခဲ့ကြတဲ့အပြင် သူက တနာရီအတွင်း သေတ္တာထဲကနေ လွတ်မြောက်အောင်လုပ်ရမှာဖြစ်တယ်။ သို့သော် ဖုန်းယွီလန်က မအောင်မြင်ခဲ့ဘူးဆိုတာ ထင်ရှားနေတယ်။ အဆုံးမှာတော့ လော်ကျန့်က သူ့ကိုရှာတွေ့ခဲ့ပြီး သူ့အတွက် သေတ္တာကိုဖွင့်ပေးကာ လွတ်မြောက်စေခဲ့တဲ့သူဖြစ်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now