《 Chapter 4 (Unicode) 》

2.3K 380 5
                                    

^Unicode^

အစပြုခြင်း

အခန်း (၄) : အပြန်

လော်ကျန့် သူ့ရဲ့စိတ်ရှုပ်ထွေးမှုတွေကနေနိုးထဖို့ အချိန်အတော်ယူလိုက်ရတယ်။ ခုတင်ပေါ်မှာ တောင့်တောင့်ကြီးလဲလျောင်းနေရင်း၊ ခဏလောက် မိန်းမောနေမိတယ်၊ ပြီးနောက် သူ ထထိုင်လိုက်တယ်။ ပတ်ပတ်လည်ကို သေချာစူးစမ်းကြည့်လိုက်တော့ သူ့အခန်းထဲပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။

ပြတင်းပေါက်အပြင်ဘက်မှာ ကောင်းကင်က လင်းလက်တောက်ပနေတယ်။ ဗီဒိုအသေးလေးပေါ်က ဒီဂျစ်တယ်နာရီမှာ မနက် ၆:၄၅ မိနစ်ရှိနေပြီး၊ မနက်စောစောအချိန်ဖြစ်တယ်။

လော်ကျန့် တုံ့ခနဲရပ်သွားတယ်၊ ပြီးနောက် ရုတ်တရက်ခေါင်းငုံ့ပြီး သူ့ဗိုက်ကို ထိကြည့်လိုက်တယ်။ သေချာပေါက် ဘာဒဏ်ရာ၊ ဘာသွေး၊ ဘာနာကျင်မှုမှမရှိဘူး။ လော်ကျန့် သူ့ရဲ့မတည်ငြိမ်တဲ့စိတ်တွေက ကမောက်ကမဖြစ်နေပြီလို့ ခံစားလိုက်ရတယ်။ သူ့ခုတင်ပေါ်ကနေ ဒယိမ်းဒယိုင်ဆင်းချလာပြီး ပြတင်းပေါက်အစွန်နားကို ပြေးသွားကာ ၎င်းကိုဖွင့်လိုက်တယ်။ အေးမြတဲ့လေပြေလေညင်းက သူ့မျက်နှာပေါ် တိုးဝှေ့လာခဲ့တယ်။ လမ်းအပြင်ဘက်မှာ မနက်အစောကြီး လမ်းလျှောက်ထွက်နေကြတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးရှိနေတယ်။ ပုံမှန်အတိုင်းပင်။

ဒီဟာက ကျဉ်းမြောင်းတဲ့ အလုံပိတ်အခန်းမဟုတ်တော့ဘဲ သူ့ကိုယ်ပိုင်အိမ်ပဲဖြစ်တယ်။

"ငါအိပ်မက်မက်နေတာများလား?" လော်ကျန့် စိတ်ထဲပေါ်သလိုပြောလိုက်တယ်၊ သူ ကူကယ်ရာမဲ့ရင်းနဲ့ပဲ စိတ်သက်သာရာရစွာ သက်ပြင်းနှစ်ကြိမ်လောက်ချလိုက်မိတယ်။ ဒါက တကယ့်ကို အိပ်မက်တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ ဒီကြောက်စရာကောင်းတဲ့အိပ်မက်က သူ့ကို ချွေးအေးတွေ ထွက်လာစေသော်ငြား သေခြင်းတရားကိုကြုံတွေ့ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကိုပါ သူ့ကို အမှန်အကန် သဘောပေါက်သွားစေခဲ့တယ်။ အဆုံးသတ်ကျတော့၊ သူ့အိပ်မက်ထဲမှာ၊ လော်ကျန့်က သေမင်းရဲ့အေးစက်နေတဲ့လက်တွေကို ထိမိလုနီးနီးဖြစ်ခဲ့ရတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now