《 Chapter 58 》

679 104 5
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၅၈) : သင်္ချိုင်းမြေ (အပိုင်း ၄)

ဖုန်းယွီလန်က မကောင်းဆိုးဝါးကောင်ကြီးနဲ့ ပိုပြီးနီးကပ်နေတာကြောင့် သူ့ရှေ့က အကောင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ဒါကြီးက...... ကြည့်ရတာ...... အမျိုးသမီးဖြစ်မဲ့ပုံပဲ။

သူမရဲ့ဆံပင်တွေက အတော်လေး ရှည်လျားတာကြောင့် မြေကြီးပေါ်မှာ တရွတ်တိုက်နေပြီဖြစ်တယ်။ အသွင်အပြင်က အသိအမှတ်ပြုနိုင်တာထက်ကို ကျော်လွန်နေခဲ့တယ်။ မျက်နှာတဝက်လောက်မှာ အသားစအချို့ကျန်ရှိနေပြီး ကျန်တဝက်မှာတော့ အရိုးတွေ ပေါ်ထွက်နေတာဖြစ်တယ်။ မျက်လုံးတွေက တွင်းနက်ကြီးတွေဖြစ်နေပြီး မျက်ဆံမရှိတော့တာ ဘယ်လောက်ကြာနေမှန်းတောင် မသိတော့ချေ။ သူမက ဖုန်းယွီလန်အား ဟားတိုက်ရယ်မောနေသလိုမျိုး တခစ်ခစ်ရယ်နေခဲ့တယ်။

သူမရဲ့ကိုယ်တပိုင်းက အမျိုးမျိုးသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တွယ်ဆက်ထားသလိုပါပဲ။ လက်မောင်းတဖက်က ရှည်ပြီး နောက်တဖက်က တိုနေတယ်။ ရှေးခေတ်တုန်းက အဝတ်အစားတွေလို့ ပြောလို့ရတဲ့ အဝတ်စ အမြှောင်းလိုက်တွေ သူ့ကိုယ်ပေါ်မှာ တွဲလောင်းကျနေတယ်။ သူက ဖြည်းဖြည်းချင်း ထော့နဲ့ထော့နဲ့လျှောက်နေခဲ့တယ်။ အံ့ဩစရာကောင်းတာက သူလမ်းလျှောက်တဲ့အချိန်မှာ ခြေသံတွေ ကြားနေရတာပါပဲ။ သူက တွားသွားသတ္တဝါလိုမျိုး ကုန်းကုန်းကွကွနဲ့ တွားသွားနေပြီး မြေကြီးပေါ်မှာ လဲလျောင်းကာ ဖုန်းယွီလန်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်။

ဖုန်းယွီလန်ခမျာ သူ့စိတ်ကို တည်ငြိမ်နေအောင် ထိန်းမထားနိုင်တော့ချေ။ သူအနည်းငယ် ဂနာမငြိမ်ဖြစ်သလို ခံစားလာရတာကြောင့် အသက်ပြင်းပြင်းရှူပြီး မန္တန်တခုကို စတင်ရွတ်ဆိုလိုက်တယ်။ ဒီဟာက လောလောဆယ် သူသိတဲ့ တခုတည်းသော တိုက်ခိုက်ရေးမန္တန်ဖြစ်ပြီး ဒီမန္တန်က ဂိမ်းတချို့မှာ အသုံးပြုတဲ့ နေရာထိန်းချုပ်မန္တန်နဲ့ ပိုတူနေပုံရတယ်?

အကောင်ကြီးက သူ့ဆီ ပိုမိုတိုးကပ်လာခဲ့တယ်။ အစပိုင်းမှာ ၎င်းက သတိရှိနေပုံရပေမဲ့ သိပ်မကြာခင်မှာတော့ ဆက်ပြီး သည်းမခံနိုင်တော့ချေ။ သူမက လော်ကျန့်ရဲ့တည်ရှိမှုကိုရော၊ သူ့ရဲ့သတ်ဖြတ်လိုစိတ်ကိုပါ မခံစားရဘူး။ သူ့ရှေ့တည့်တည့်မှာ အရသာရှိတဲ့ စားစရာဖြစ်တဲ့ အားလန်တယောက်တည်းသာ ရှိနေတယ်။ သူက ဖုန်းယွီလန်ဆီ တုံ့ဆိုင်းခြင်းမရှိဘဲ ချဉ်းကပ်လာခဲ့တယ်။ သူအရှိန်မြှင့်လိုက်ချိန်မှာတော့ ဖုန်းယွီလန်ရဲ့နောက်ကွယ်ဖြစ်တဲ့ အမှောင်ထုထဲမှာ ပုန်းအောင်းနေခဲ့တဲ့ လော်ကျန့်က တဟုန်ထိုး ရှေ့ကိုတိုးထွက်လာပြီး တချိန်တည်းမှာဘဲ မကောင်းဆိုးဝါးကောင်က အားလန်အပေါ် ခုန်အုပ်လိုက်တော့တယ်! ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ ဖုန်းယွီလန်က မန္တန်ကို ပြီးဆုံးအောင် ရွတ်ဆိုခဲ့ပြီး သူ့ညာဘက်လက်ကို ဖြန့်ကာ အကောင်ကြီးထံ ချိန်ရွယ်လိုက်ပြီး တိုးဖွပြတ်သားတဲ့ အသံနဲ့ ရွတ်ဆိုလိုက်တယ်၊ "ကမ္ဘာမြေထုရဲ့ဆွဲငင်အားကို တိုးမြှင့်စေ!"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now