《 Chapter 2 》

3K 431 4
                                    

^Unicode^

အစပြုခြင်း

အခန်း () : လူသတ်မှု

လော်ကျန့်တစ်ယောက် သေနတ်ကို လေ့လာစူးစမ်း‌နေရင်း သိပ်များများစားစား မတွေးမိတာကြောင့် အဆုံးမှာ ၎င်းအား သူ မသုံးဖြစ်တော့ချေ။ သူက ဒီလိုလက်နက်မျိုးကို‌ကြောက်‌တဲ့အတွက် ၎င်းသေနတ်အား သတိကြီးကြီးထားပြီး ဂရုတစိုက် စားပွဲပေါ်ပြန်တင်ပြီးသွားတဲ့နောက် ခဏအတွင်းမှာပဲ အံဆွဲထဲမှ နောက်ထပ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆူးချွန်ကို ကောက်ယူလိုက်တယ်။

ဆူးချွန်ကို ပုံမှန်အားဖြင့် ဖိနပ်ပြင်ရန် အသုံးပြု‌လေ့ရှိတယ်။ ၎င်းကို အပေါက်ဖောက်ရာတွင် သုံးနိုင်ပြီး ခြုံပြောရလျှင် ၎င်းက အလွန်ထက်မြတဲ့ကိရိယာတစ်ခုပင်ဖြစ်တယ်။ လော်ကျန့် ၎င်းဆူးချွန်ကို သူ့လက်ထဲမှာကိုင်ထားရင်း ဘက်ပေါင်းစုံကနေ စူးစမ်းပြီးတဲ့နောက် ၎င်းကိုပါ စားပွဲပေါ်ပြန်တင်ထားလိုက်တယ်။ အံဆွဲထဲက သူရှာတွေ့သမျှ အရာအားလုံးကို စားပွဲပေါ်တင်ထားခဲ့ပေမယ့်လည်း အဲ့ဒါတွေထဲက ဘယ်အရာကမှ အသုံးတည့်ပုံမရလေဘူး။ တံခါးလက်ကိုင်ကို တိုက်ရိုက်ပစ်ခတ်ရန် သေနတ်ကိုအသုံးပြုနိုင်သော်ငြား သူ အရင်က သေနတ်ကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးတာကြောင့် ဒီလိုလုပ်တာက အတော်လေးကို အန္တရာယ်များလိမ့်မယ်၊ နောက်ပြီး သူ့ရဲ့တိကျမှန်ကန်မှုနဲ့ပတ်သက်ပြီးတော့ သံသယအချို့ရှိနေဆဲပဲဖြစ်တယ်။ အထူးသဖြင့် သေနတ်မှာ ကျည်ဆံတစ်တောင့်ပဲရှိတဲ့အချိန်မျိုးမှာ‌ပေါ့။ အကယ်၍များ လော်ကျန့်က နည်းနည်းလောက် သတိလက်လွတ်ဖြစ်သွားခဲ့မယ်ဆိုရင် ဒုတိယအခွင့်အရေးကို သူဘယ်တော့မှရတော့မှာမဟုတ်ဘူး။

အဲ့ဒါကြောင့် သူက တံခါးဖွင့်ဖို့ တစ်ခြားနည်းလမ်းကို တွေးကိုတွေးမှရမယ်။

ဒီသော့ခတ်ထားတဲ့ အံဆွဲထဲမှာ တစ်ခုခုများရှိနေမလားဆိုတာ ငါကြည့်လိုက်သင့်လား? လော်ကျန့်တစ်ယောက် အံဆွဲလေးခုရဲ့အပေါ်ဆုံးအံဆွဲကို ချောင်းကြည့်လိုက်တယ်။

အရင်က သူ ဒါကိုဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် သော့ခတ်ထားတာဖြစ်တယ်။ သို့ပေသိ ဒီသော့ခတ်ထားတာက ဟိုထွင်းဖောက်မရတဲ့တံခါးထက် ကလော်ဖွင့်ဖို့ အများကြီးပိုလွယ်ပုံရတယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now