《 Chapter 9 》

1.7K 290 2
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၉) : တစ္ဆေသင်္ဘော (အပိုင်း ၂)

သံမှိုရိုက်ထားတဲ့ သစ်သားသေတ္တာက အလွန်ကြီးမားပြီး အရွယ်အစားအရဆိုရင် လူတစ်ယောက် ကောင်းကောင်းဝင်ဆံ့နိုင်လောက်တယ်လို့ လော်ကျန့်ယုံကြည်တယ်။ သို့ပေသည့် ရာသီဥတုဖောက်ပြန်မှုနဲ့ ပုံမှန်ထိတွေ့နေခဲ့တာကြောင့် သေတ္တာအောက်ခြေက မမာကြောတော့ချေ။ မျက်နှာပြင်က စုတ်ပြတ်နေပြီး ဝက်အူတွေကလည်း လျော့တိလျော့ရဲဖြစ်နေပြီဖြစ်တယ်။ လော်ကျန့် သူ့ဓားကိုသုံးပြီး သေတ္တာထဲက အပေါက်အနည်းငယ်ကို ထိုးဆွကြည့်လိုက်တယ်၊ ထို့နောက် ကျန်ရှိတဲ့အပိုင်းအစတွေကိုတော့ လက်ဗလာနဲ့ပဲ တစစီဖြုတ်လိုက်တယ်။ မကြာမီမှာပဲ သေတ္တာတစ်ဖက်ခြမ်းက လုံးဝကို ကွဲထွက်သွားပြီး ကြယ်အလင်းခပ်ဖျော့ဖျော့အောက်မှာ အထဲကပစ္စည်းတွေက ရုပ်လုံးပေါ်လာခဲ့တယ်။

"အိုး.. ငါ-ိုးထဲမှပဲ!" လော်ကျန့်တစ်ယောက် သေတ္တာထဲကဟာတွေကို ကြည့်လိုက်မိတဲ့တခဏမှာ သူ့ပါးစပ်နဲ့ နှာခေါင်းကို မအုပ်ဘဲမနေနိုင်တော့ဘူး။ ကံကြမ္မာက တကယ်ကြီး အဲ့ဒါတွေကိုပါ တပါတည်းခေါ်လာတာများလား၊ ဒါမှမဟုတ် သူ့မှာ လူသေကောင်တွေနဲ့ အမြဲကြုံရမယ့်ကံပါနေတာများလား? သေတ္တာထဲမှာ ကောက်ကွေးနေတဲ့ အလောင်းကောင်ကြီးတစ်ခု တကယ်ရှိနေခဲ့တယ်။ ၎င်းတစ်ကိုယ်လုံးက ပုပ်ပွနေပြီး၊ ရွံစရာကောင်းတဲ့ အမည်းရောင်အသားစိုင်ကြီးလိုဖြစ်နေခဲ့တယ်။ သူ့ရဲ့ပုပ်ဟောင်နေတဲ့ အနံ့ဆိုးကြီးက သည်းမခံနိုင်လောက်တဲ့အထိဖြစ်ပြီး၊ အချို့နေရာတွေမှာဆိုရင် အရိုးတွေကိုပါမြင်နေရတဲ့အပြင် အလောင်းကိုဖုံးအုပ်ထားတဲ့ အဝတ်အစားတွေကြောင့် ခန္ဓာကိုယ်ရဲ့နဂိုမူလပုံစံကို ဆုံးဖြတ်ရန်ခက်လှတယ်၊ သို့ပေမဲ့ ၎င်းရဲ့အရိုးတည်ဆောက်ဖွဲ့စည်းမှုကနေ သုံးသပ်လိုက်ရင်တော့ ဒါက ယောကျ်ားတစ်ယောက်မှန်း ဖြစ်နိုင်ချေများတယ်။

လော်ကျန့် သေတ္တာကိုဖွင့်လိုက်ချိန်မှာတော့ အဲ့ဒီအော်ဂလီဆန်လှတဲ့အနံ့ကြီးက သူ့နှာခေါင်းပေါက်ထဲကို စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ သူ့ခံတွင်းထဲမှာ ထူးဆန်းပြီး ပျို့ချင်အန်ချင်တဲ့အရသာတစ်ခု ပြည့်နှက်လာခဲ့တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now