《 Chapter 29 》

1.2K 256 17
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၂၉) : ရှင်းယန်

မြေကြီးပေါ်ပြုတ်ကျသွားတဲ့ grimoire က တောက်ပတဲ့အလင်းတခု ထုတ်လွှတ်လာခဲ့တယ်။

သွမ့်လိတယောက် ပြင်းထန်တဲ့ အေးစိမ့်မှုကြောင့် ရုတ်တရက် တောင့်ခဲသွားခဲ့တယ်။ သူ့ရဲ့ထူးကဲသာလွန်တဲ့ အလိုလိုသိစိတ်က တခုခုဖြစ်တော့မယ်လို့ သူ့ကို သတိပေးနေတယ်။ သူက အေးအေးလူလူ မတ်တပ်ထရပ်ပြီး သူ့ဘောင်းဘီကို ကောက်ဝတ်လိုက်တယ်။ ထို့နောက် ဖုန်းယွီလန်အား သူ့ကုတ်အင်္ကျီနဲ့ ထွေးပတ်လိုက်ပြီး သူ့ကို ပွေ့ချီကာ တောနက်ထဲသို့ ထွက်ပြေးသွားခဲ့တယ်။

သစ်ပင်ကြီးတပင်မှာ ခေတ္တအနားယူရင်း မကြာခင်မှာ သူတောင့်မခံနိုင်တော့ဘဲ အားလန်လေးကို သူ့ရင်ခွင်ထဲ ပိုရောက်လာအောင် ဆွဲယူလိုက်ကာ ပွတ်သပ်နမ်းရှုံ့တော့တယ်။ ဒီရမ္မက်မီးတောက်က လမ်းတဝက်မှာတင် အကျိုးနည်းလောက်အောင် ကြားဝင်နှောင့်ယှက်လာခဲ့တယ်။ အဲ့ဒါက ရေအလွန်အမင်းငတ်နေပြီး တငုံလောက်ပဲ သောက်ရသေးချိန်မှာ နောက်တငုံထပ်သောက်ဖို့ပြင်နေတုန်း ရုတ်ခြည်းဆိုသလို ဆတ်ခနဲလုယူခံလိုက်ရတဲ့ ခံစားချက်မျိုးပဲ။ နောက်ပြီး သွမ့်လိက သူ့နှလုံးသားကို လက်သည်းနဲ့ ခပ်ကြမ်းကြမ်း ကုတ်ခြစ်နေသလိုမျိုး ခံစားနေရတယ်၊ ဒီယားကျိကျိခံစားချက်ကို သူသည်းမခံနိုင်တော့ဘူး။ သူ့ရင်ခွင်ထဲမှာရှိနေတဲ့ အားလန်ကို မျက်နှာမူထားရင်း သွားရည်တွေ စီးကျလာခဲ့တယ်။ ထို့နောက် သူ့ခေါင်းကိုငုံ့ပြီး ဖုန်းယွီလန်ရဲ့မျက်လုံးတွေနဲ့ နှုတ်ခမ်းတွေကို စတင်လျက်တော့တယ်။

ဖုန်းယွီလန်က လောလောဆယ် ခေါင်းကွဲလုမတတ် ခေါင်းတွေထိုးကိုက်နေတယ်။ သူ့ကိုယ်သူ ဘောလုံးတလုံးလို ကျုံ့ကွေးထားမိတယ်၊ သူ့ကိုယ်ပေါ်မှာ မနာကျင်တဲ့နေရာ တနေရာမှမရှိဘူး။ သူ့အသိစိတ်က ရှင်းရှင်းလင်းလင်း မဟုတ်ပေမဲ့ ဆင့်ခေါ်ခြင်း အောင်မြင်သွားတာကိုတော့ တနည်းနည်းနဲ့ သူသိနေခဲ့တယ်။

Host တယောက်က အမိန့်တွေကို စီမံဆောင်ရွက်နိုင်စွမ်းမရှိတဲ့ အခြေအနေမျိုးမှာ ဆင့်ခေါ်ခံရသူက မှော်ဆင့်ခေါ်ခြင်းရဲ့ပထမစည်းမျဉ်းကို အလိုအလျောက် ဖြည့်ဆည်းပေးရမှာဖြစ်တယ်-ဆင့်ခေါ်သူအား နာခံပြီး ကာကွယ်စောင့်ရှောက်ရန်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now