《 Chapter 13 》

1.5K 292 5
                                    

^Unicode^

တစ္ဆေသင်္ဘော

အခန်း (၁၃) : တစ္ဆေသင်္ဘော (အပိုင်း ၆)

လော်ကျန့်ရဲ့သရဲတစ္ဆေတွေအကြောင်း ပြောပြတဲ့မှတ်ချက်ကြောင့် ဖုန်းယွီလန်ရဲ့ကျောရိုးတောက်လျှောက် အေးစိမ့်တက်သွားရတယ်၊ သူတကယ်ကြောက်နေခဲ့တာ၊ သူ့လက်ကိုဆန့်ပြီး လော်ကျန့်ရဲ့အင်္ကျီလက်ကို တအားဆုပ်ကိုင်ထားရင်း ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ်၊ "အားကျန့်၊ ငါတို့တွေ တကယ်ရော လွတ်နိုင်ပါ့မလားဟင်?"

ငါတို့တွေ တကယ်ရော လွတ်မြောက်နိုင်ပါ့မလား? မျက်စိနဲ့မမြင်နိုင်လောက်အောင် အနားသတ်မရှိတဲ့ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်ကာ ကျယ်ပြောလှတဲ့ အမှောင်ထုပင်လယ်ကြီး ဝန်းရံထားတဲ့ ကြောက်စရာကောင်းပြီး လူသူကင်းမဲ့နေတဲ့ တစ္ဆေသင်္ဘောက အမှောင်ထုတွေထဲကနေ ချောင်းမြောင်းနေကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပေးနိုင်တဲ့ မကောင်းဆိုးဝါးကောင်ကြီးတွေရဲ့အိမ်ပဲဖြစ်တယ်။ ဘယ်လိုဖြစ်ပြီး ဒီလိုထူးဆန်းတဲ့နေရာမျိုးမှာ သူနိုးလာရတာလဲဆိုတာကို ဖုန်းယွီလန် လုံးဝ နားမလည်နိုင်ဘူး။ သူကျေးဇူးတင်နေမိသေးတဲ့ တခုတည်းသော အကြောင်းရင်းက သူ့ဘေးနားမှာ လော်ကျန့်ရှိနေတာကြောင့်ပါပဲ။

လော်ကျန့် ဖုန်းယွီလန်ရဲ့အကြောက်တရားကို သတိပြုမိတယ်။ ကုန်ကုန်ပြောရရင် သူ(လော်ကျန့်)ဆောင်ခန်းထဲ ပထမဆုံးအကြိမ်ဝင်လာတုန်းကလိုပဲ သူ(ဖုန်းယွီလန်)ကြောက်နေခဲ့တာဖြစ်တယ်။ သူ့ခမျာ သွေးပျက်မတတ် ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ သည်းမခံနိုင်လောက်စရာ မျှော်လင့်ချက်ကင်းမဲ့မှုတွေကြားမှာ ပိတ်မိနေခဲ့တယ်။ တခုတည်းသော ကွာခြားချက်မှာ လော်ကျန့် မတရားကြောက်ရွံ့နေစဉ်တုန်းက သူ့ဘေးနားမှာ ရပ်တည်ပေးမဲ့သူ တယောက်မှမရှိခဲ့တာပါပဲ။ သို့ပေမဲ့ အခုချိန်မှာတော့ ဖုန်းယွီလန်ဆီမှာ လော်ကျန့်ရှိနေပြီဖြစ်ပြီး သူ့မှာ အခြားတ‌ယောက်အပေါ် မှီခိုလို့ရမဲ့ အခွင့်အရေးရှိနေခဲ့ပြီဖြစ်တယ်။ သူ လော်ကျန့်ရဲ့လက်ကို ဖက်တွယ်ထားပြီး လုံးဝ မလွှတ်ပေးနိုင်တော့ဘူး။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now