《 Chapter 45 》

852 150 3
                                    

^Unicode^

မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်

အခန်း (၄၅) : မြစ်ထဲက ပန်းပွင့်နှင့် ရေအိုင်ထဲက လရိပ်မှ ထွက်ပြေးလွတ်မြောက်ခြင်း (အပိုင်း ၄)

ကျောက်သင်ပုန်းကို ဖြုတ်ချနိုင်သော်ငြား လော်ကျန့်ခမျာ အချိန်အတော်ကြာ ကြိုးစားပြီး မအောင်မြင်နိုင်သေးတာကြောင့် အနည်းငယ် ဝမ်းနည်းကာ စိတ်ဓာတ်တွေ ကျလာရတယ်။ စောနက တယောက် သူ့ကို အချိန်အကြာကြီး ဖျက်ဆီးထားခဲ့တာကြောင့် အခုအချိန်မှာ ကျောက်သင်ပုန်းကို မ,ရွေ့နိုင်ဖို့ သူ့မှာ အားလုံလုံလောက်လောက် မရှိတော့ဘူး။ လော်ကျန့် ရှင်းယန်ထံ မျက်နှာပူပူနဲ့ လှည့်ကြည့်လိုက်မိတယ်။

ကြည့်ရတာ ရှင်းယန်က လော်ကျန့်ရဲ့အကြည့်ကို နားလည်ပုံရပေမဲ့ တချိန်တည်းမှာဘဲ သူ့ပုံစံက ဘာမှနားမလည်တဲ့ပုံပေါက်နေပြန်တယ်။ တဟုန်ထိုးပြေးလာပြီး လော်ကျန့်အား သူ့ရင်ခွင်ထဲကို ဆွဲသွင်းပစ်လိုက်တယ်။ လော်ကျန့်ကို သူအတော်လေး စိတ်ဝင်စားနေသလိုမျိုး ဘယ်တပြန် ညာတပြန် ပွတ်သပ်နေတယ်။ သူ့လက်ကိုဆန့်ပြီး လော်ကျန့်ရဲ့မျက်နှာလေးကို ဆွဲညှစ်လာပြန်တယ်။ လော်ကျန့်ခမျာ နောက်တကြိမ် ရှက်သွေးဖြန်းလာခဲ့ပြီး ရှင်းယန်ရဲ့လက်သည်းတွေကို တွန်းထုတ်ပစ်လိုက်တယ်။

သို့သော် ရှင်းယန်က ဇွဲမလျှော့ခဲ့ပေ။ သူက လော်ကျန့်ကို ခါးကနေ ထိန်းကိုင်ထားပြီး ကျောက်သင်ပုန်းနဲ့ ဖိကပ်ပစ်လိုက်တယ်။ သူ့မျက်နှာက နီးကပ်လာပြီး သူ့နှုတ်ခမ်းတွေကလည်း တလက်မစာလောက် ပိုမိုနီးကပ်လာခဲ့တယ်။ လော်ကျန့်ခမျာ မရှောင်တိမ်းနိုင်တော့တာကြောင့် သူပြုသမျှနုရတော့တယ်။ သူ့လက်မောင်းတွေကို တဖက်လူရဲ့လည်ပင်းမှာ ချိတ်တွယ်လိုက်ပြီး တဖက်လူက သူ့ကို ဇွတ်တရွတ် မဖျက်ဆီးနိုင်အောင် Stalker ရဲ့ရင်ခွင်ထဲကို ကျုံ့ဝင်လိုက်တော့တယ်။

"ရပ်တော့......ငါ့ကိုမနမ်းနဲ့တော့......" အချိန်အတော်ကြာ ထိတွေ့ပြီးတဲ့နောက် လော်ကျန့်တယောက် နောက်ဆုံးမှာ အသက်ရှူဖို့ လိုအပ်လာပြီး သူ့ခေါင်းကိုလှည့်ကာ ရှင်းယန်ရဲ့အနမ်းတွေကို ရှောင်တိမ်းလိုက်တယ်။ Stalker ရဲ့မျက်နှာချောချောကို သူစိုက်ကြည့်ရင်း ခဏလောက် တွေးတောပြီးနောက် သဘာဝကျကျ ပြောလိုက်တယ်၊ "ငါ့ကို ကျောက်သင်ပုန်း ကူရွှေ့ပေးပါ"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now