《 Chapter 55 》

797 105 3
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၅၅) : သင်္ချိုင်းမြေ (အပိုင်း ၁)

စိုစွတ်တဲ့ လေထုက ပုပ်သိုးဆွေးမြေ့နေတဲ့ အနံ့တွေ ပြည့်နှက်နေပြီး အန်ချင်စရာကောင်းလှတယ်။ ရေတစက်စက် ကျနေသံကို ကြားနေရပေမဲ့ ဘယ်နေရာကမှန်း သူ မသိဘူး။ အဲ့ဒီအသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။ အဝေးက ပျံ့လွင့်လာတဲ့ အသံဖြစ်ပုံရပေမဲ့ သူ့နားဘေးကနေ ထွက်ပေါ်လာသလိုမျိုး ဖြစ်နေပြန်တယ်။

လော်ကျန့် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ အမှောင်ထုက သူ့ရှေ့မှာရှိနေတဲ့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားတာကို မြင်တွေ့လိုက်ရတယ်။

မဟုတ်ဘူး၊ တိတိကျကျပြောရရင် အလင်းအမှုန်အမွှားလေးတွေ ရှိနေသေးတယ်။ အတိအကျဆိုရင်ဖြင့် အလင်းရင်းမြစ်က အေးစက်ပြီး အားပျော့တဲ့ အလင်းရောင် ပေးစွမ်းတဲ့ မီးစုန်းတောက်ခြင်းပါပဲ။

ဖော့စဖရတ်က လေထုထဲမှာ ဖြည်းဖြည်းချင်း ဓာတ်ပြုတယ်။ မျက်နှာပြင်ပေါ်မှာ စုပုံနေတဲ့ အပူက ၄၀˚C ကို ရောက်ရှိလာချိန်မှာ ၎င်းက သူ့အလိုလို လောင်ကျွမ်းသွားမှာဖြစ်တယ်။ လောင်ကျွမ်းမှုမှ ထွက်ပေါ်လာတဲ့ စွမ်းအင်တစိတ်တပိုင်းက အလင်းစွမ်းအင်ပုံစံ ဖြစ်ပေါ်လာလိမ့်မယ်။ ဒီအရာဟာ ဖော့စဖရတ်က အမှောင်ထဲမှာ အလင်းထုတ်လွှတ်နိုင်တဲ့ အကြောင်းရင်းပါပဲ။ ဒါကို "မီးစုန်းတောက်ခြင်း" လို့ခေါ်တယ်။

ရှေးရှေးတုန်းက လူတွေက သင်္ချိုင်းတွေနဲ့ သုသာန်တွေဆီမှ ဖျော့တော့တော့ အရိပ်အယောင်တွေကို မြင်တွေ့နိုင်ကြပြီး ၎င်းအရာကို "ဖမ်းဆုပ်မရနိုင်တဲ့ သူ" အဖြစ် ထင်မှတ်ထားခဲ့ကြပေမဲ့ အမှန်တကယ်တော့ ထိုအရာက မီးစုန်းတောက်ခြင်းသာဖြစ်တယ်။ ထိုနည်းတူစွာဘဲ ယနေ့ခေတ်လူတွေက လိုအပ်တဲ့ အခြေအနေတွေနဲ့ မီးစုန်းတောက်ခြင်းနိယာမတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပြီး မီးစုန်းဓာတ်ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုကာ လူလုပ်ညလင်းပုလဲတွေကိုပါ ပြုလုပ်လာခဲ့ကြတယ်။

သို့ပေမဲ့ ထိုအလင်းရောင်မျိုးက အားပျော့လွန်းလှတယ်။ လော်ကျန့်တကိုယ်လုံး ပိန်းပိတ်အောင်မှောင်တဲ့ အမှောင်ထုထဲမှာ နစ်မြုပ်နေတာကြောင့် သူ့အမြင်အာရုံမှာ ထင်ဟပ်နေတဲ့ အေးစက်တဲ့ အလင်းရောင် ဖျော့တော့တော့ကို မသိမသာလေး အာရုံစိုက်ထားမိတယ်။ မြေကြီးပေါ်ကနေ ဂရုတစိုက်နဲ့ သူဖြည်းဖြည်းချင်း ကုန်းထလိုက်တယ်။ မြေကြီးပေါ် သူခြေချလိုက်ချိန်မှာ သေးငယ်၊ စိုစွတ်ပြီး ချောမွတ်တဲ့ ကျောက်တုံးတွေ ဖုံးလွှမ်းနေတာကို သူမြင်တွေ့လိုက်ရတယ်။ သူရောက်နေတဲ့နေရာက လေမတိုက်တဲ့အပြင် လေထုက အလွန်အမင်း ပါးလွှာနေတာကို ခံစားမိလိုက်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now