《 Chapter 20 》

1.5K 301 33
                                    

^Unicode^

တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း

အခန်း (၂၀) : တစ္ဆေသင်္ဘောမှလွတ်မြောက်ခြင်း (အပိုင်း ၇)

လော်ကျန့် နောက်ဆုံးတော့ ဖုန်းယွီလန်ကို နားနေခန်းထဲမှာ ရှာတွေ့သွားခဲ့တယ်။ သို့ပေမဲ့ လော်ကျန့် သူ့ကိုရှာနေတုန်းမှာပဲ ဖုန်းယွီလန်ခမျာ ဆိုးဝါးလှတဲ့ အခြေအနေတခုအတွင်းသို့ ကျရောက်နေခဲ့တယ်။ ကြောင်မျိုးနွယ်ဝင်အကောင်ကြီးနဲ့ နောက်တကြိမ် ထပ်ကြုံရလောက်တဲ့အထိ သူ့ခမျာ ကံမကောင်းရှာဘူး။ အရေပြားမရှိတဲ့ မကောင်းဆိုးဝါးကောင်ကြီးက သူ့ကို မာန်ဖီလာရင်း ဖုန်းယွီလန်ဆီ ဖြည်းဖြည်းချင်း တွားသွားလာကာ သူ့အပေါ် ရုတ်တရက် ခုန်အုပ်ဖို့ အဆင့်သင့်ဖြစ်လို့နေတယ်။ ဖုန်းယွီလန်က တုတ်တချောင်း ကောက်ကိုင်ပြီး ၎င်းသတ္တဝါကြီးကို အားရှိသမျှ ထိုးစိုက်ပစ်လိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ အမြင်နဲ့တင် သူဒါကိုလုပ်နိုင်လောက်မှာမဟုတ်ဘူး။ ဒီအခိုက်အတန့်လေးမှာပဲ Stalker က တံခါးကို ကန်ဖွင့်လိုက်ပြီး လော်ကျန့်ကို ပွေ့ချီလာရင်း နားနေခန်းထဲကို ဖြည်းဖြည်းမှန်မှန် လျှောက်လာခဲ့တယ်။

Stalker ပေါ်လာတာနဲ့တပြိုင်နက် အကောင်ကြီးက ပစ်မှတ်ကို ချက်ချင်း ပြောင်းပစ်လိုက်ပြီး Stalker ထံ ဟိန်းဟောက်လာခဲ့တယ်။ Stalker ရဲ့မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားခြင်းမရှိဘူး။ သူ့ရင်ခွင်ထဲမှာရှိနေတဲ့ လော်ကျန့်ကို ကြမ်းပြင်ပေါ် ချက်ချင်းချပေးလိုက်ပြီး သူ့ခြေထောက်ကိုမြှောက်ကာ သနားစရာကောင်းလှတဲ့ သတ္တဝါလေးကို လေပေါ်မြောက်တက်သွားတဲ့အထိ အညှာအတာကင်းမဲ့စွာ ပိတ်ကန်ပစ်လိုက်တော့တယ်။ သို့သော် အကောင်ကြီးက စိတ်ရှုပ်စရာကောင်းလောက်အောင် ကိုင်တွယ်ရခက်နေဆဲပင်။ ၎င်းက လေပေါ်မြောက်တက်သွားပြီးပြီးချင်းမှာပဲ ပတ်ဝန်းကျင်မြေပြင်အခြေအနေကို အခွင့်ကောင်းယူခဲ့တယ်။ ကြောက်မက်ဖွယ် သွက်လက်မြန်ဆန်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ၎င်းက နံရံကို ပြန်ကန်ထွက်ပြီး Stalker ဆီသို့ လွှားခနဲခုန်ဝင်လာကာ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့...နိုး၊ ခဏလေး၊ ပစ်မှတ်ပြောင်းသွားပြီဟ! ဒီတခေါက်မှာတော့ အကောင်ကြီးက သူ့ရဲ့စုတ်ပြတ်နေတဲ့ ခြေဖဝါးကြီးတွေကို ပွတ်တိုက်ရင်း ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ လော်ကျန့်ဆီ တည့်တည့်ကြီး ပြေးဝင်လာတော့တယ်!

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now