《 Chapter 57 》

672 101 3
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၅၇) : သင်္ချိုင်းမြေ (အပိုင်း ၃)

ဖုန်းယွီလန်က ယဇ်ပလ္လင်မီးခွက်ကို မီးငြိမ်းသတ်လိုက်တာကြောင့် ပြန်ထွန်းညှိရမဲ့သူက သူပဲဖြစ်သင့်တယ်။ မီးခွက်ကို မီးထွန်းပြီးတဲ့နောက် သဘာဝကျစွာဘဲ ဖုန်းယွီလန်က ရှေ့ကနေ ဦးဆောင်လမ်းပြပေးရမဲ့သူ ဖြစ်လာခဲ့တယ်။ အရှေ့ဘက်ကို ဦးတည်သည်ဖြစ်စေ၊ အနောက်ဘက်ကို ဦးတည်သည်ဖြစ်စေ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ စင်္ကြံလမ်းက အဆုံးအစမဲ့ ရှည်လျားနေပုံပေါ်ပြီး ဖုန်းယွီလန်ကို ထိတ်လန့်သွားစေတယ်။ ခဏခဏ လော်ကျန့်ကို သူပြန်လှည့်ကြည့်နေမိတယ်။ နှစ်ယောက်သား အချိန်အတိုင်းအတာတခုအထိ လမ်းလျှောက်အပြီးမှာ အားလန်တယောက် နောက်ဆုံးတော့ ဒါကြီးကို သည်းမခံနိုင်တော့ဘူး! ရုတ်ခြည်းဆိုသလို သူတုံ့ခနဲ ရပ်လိုက်ပြီး လော်ကျန့်ရဲ့လက်မောင်းတဖက်ကို ဖမ်းဆွဲကာ နောက်လက်တဖက်က သူ့ဘယ်ဘက်ပခုံးပေါ်ကို လှမ်းတင်လိုက်တယ်။

"မင်းဘာလုပ်တာလဲ?" ဖုန်းယွီလန် ဘာလို့ ဒီလိုလုပ်မှန်း လော်ကျန့် မသိဘူး။

"မင်းလက်ကို ငါ့ပခုံးပေါ်တင်ပြီး နောက်ကလိုက်ခဲ့" ဖုန်းယွီလန်က ဒီကိစ္စနဲ့ပတ်သတ်ပြီး အလွန်အမင်း အလေးအနက်ဖြစ်နေခဲ့တယ်။ အလင်းဖျော့ဖျော့ထွက်နေတဲ့ ယဇ်ပလ္လင်မီးခွက်ကို ကိုင်ထားတဲ့ သူ့လက်ကို ခပ်မြင့်မြင့်မြှောက်လိုက်တယ်။

"မင်း ဘာလို့ ဒီလိုလုပ်တာလဲ?" လော်ကျန့်ခမျာ အားလန်ရဲ့အပြုအမူကြောင့် ပိုလို့တောင် စိတ်ရှုပ်သွားရတော့တယ်။

"သေချာတာပေါ့၊ အဲ့ဒါ မင်းကြောင့်လေ!" အားလန်က မျက်ခုံးပင့်ကာ မကျေမနပ် ညည်းတွားလာခဲ့တယ်၊ "လော်ကျန့်ရာ၊ မင်းလမ်းလျှောက်တာက အသံမှမထွက်တာ! ငါ့မှာ အရှေ့ကို လျှောက်နေရင်းကနေ ရုတ်တရက်ကြီး ငါ့နောက်မှာ ဘယ်သူမှမရှိတော့သလို ခံစားလာရတာ။ ကြောက်စရာကြီးကွာ!"

"Eh?" လော်ကျန့်တယောက် ဖုန်းယွီလန်ဆိုလိုချင်တာကို နောက်မှ သဘောပေါက်သွားပြီး သူ့ခေါင်းကို ကုတ်လိုက်ရင်း၊ "ငါလမ်းလျှောက်တာက အသံမထွက်ဘူးလား? ငါ့ကိုယ်ငါတောင် မသိလိုက်ဘူး"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now