《 Chapter 51 》

814 131 4
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၅၁) : မိသားစု

အိမ်မပြန်ခင် လော်ကျန့်တယောက် အရေးကြီးပစ္စည်းအားလုံးကို ယူနိုင်သလောက် သူနဲ့အတူ တပါတည်း ယူဆောင်လာခဲ့တယ်။ သူ့လက်နက်တွေ၊ တိုက်ခိုက်ရေးဝတ်စုံအပြင် တာဝန်ပြီးမြောက်ခြင်း ဆုလာဒ်တွေ၊ ဒါတွေအားလုံးကို ကျောပိုးအိတ်ကြီးထဲ ထည့်လာခဲ့တယ်။ သူ့မိဘတွေ သူ့ကို ဝင်ခွင့်ပေး မပေးတော့ သူ မသိပေမဲ့ သေချာပြင်ဆင်ထားဖို့တော့ လိုအပ်နေဆဲပါပဲ။

ထို့နောက် ကျောပိုးအိတ်ကြီးကို လွယ်ပြီး ဘတ်(စ်)ကားစီးကာ အိမ်ပြန်လာခဲ့တယ်။ နှစ်နာရီခန့်ကြာပြီးနောက် သူသွားချင်တဲ့နေရာဖြစ်တဲ့ မြို့ငယ်လေးဆီကို ရောက်ရှိလာခဲ့တယ်။ မြို့က ဝေးလံခေါင်သီပြီး စည်စည်ကားကား မရှိပေမဲ့ လူဦးရေထူထပ်လှတယ်။

လော်ကျန့် မှတ်မိတာက ဒီမြို့ငယ်လေးမှာ သူမွေးဖွားခဲ့တယ်ဆိုတာကိုပါပဲ။ သူ့မိခင်ရဲ့ပြောပြချက်အရ အဲ့ဒီအချိန်တုန်းက ဒီမြို့မှာ ဆေးရုံတရုံတည်းပဲ ရှိခဲ့တယ်။ ဖျားနာကြသူတိုင်း ထိုဆေးရုံဆီ သွားပြီး ဆေးကုသမှု ခံယူကြရတာကြောင့် လူနာဆောင်က အမြဲလိုလို လူပြည့်နေတတ်တယ်။ လော်ကျန့်ကို အဲ့ဒီမှာ မွေးတာဖြစ်တယ်။ တခါတလေ ဆေးရုံမှာ လူပြည့်နေချိန်တွေဆိုရင် မီးဖွားခန်းထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ငါးယောက်၊ ခြောက်ယောက်လောက် အတူတူရှိနေကြတာကြောင့် သူနာပြုဆရာမတွေက အလွန်အလုပ်များကြတယ်။ လော်ကျန့်ရဲ့မိခင်က ဆေးကုသမှု ခံယူခြင်းမရှိတာကြောင့် လော်ကျန့်ခမျာ လုံးဝကို ဂရုစိုက်ခံရခြင်း မရှိခဲ့ချေ။

လော်ကျန့်က ဇီဇာမကြောင်တတ်သလို ဆူညံပူညံလုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး။ သူ့ကို မွေးဖွားရတဲ့ လုပ်ငန်းစဉ်က အတော့်ကို ချောချောမွေ့မွေ့ရှိခဲ့တယ်၊ သူ့အမေရဲ့ဗိုက်ထဲကနေ ရုတ်ခြည်းဆိုသလို ဗြွတ်ခနဲ ထွက်လာခဲ့တယ်။ မွေးစက အရမ်းကျန်းမာတဲ့ပုံပေါက်ပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာတော့ မရေမတွက်နိုင်တဲ့ နာမကျန်းဖြစ်မှုတွေနဲ့ သူကြီးပြင်းလာခဲ့ရတယ်။ မကြာခဏဆိုသလို သူနေမကောင်းဖြစ်တတ်သော်ငြားလည်း ထိုဖျားနာမှုကနေ လျင်မြန်စွာပဲ ပြန်လည်သက်သာလာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သူက အော်ဟစ်သောင်းကျန်းကာ ဟိုဟိုဒီဒီလျှောက်ဖွပြီး နေရာအနှံ့ လျှောက်ပြေးနေတတ်ပြန်တယ်။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now